အပိုင်း ( ၈ ) ( Z+ U )

202 18 3
                                    

ည၏လရောင်တို့က မဟာပထဝီ ကမ္ဘာမြေကြီးပေါ်သို့ သက်ဆင်းနေကာ ပွဲတော်မှ မီးအလင်းတိုင်များဖြင့်
ပေါင်းစပ်၍ လင်းထိန်နေသည်မှာ နေ့ဘက်သဖွယ်။
တိုးကြိတ်နေသောလူအုပ်ကြီး၏ မျက်နှာများပေါ်တွင်လည်း အပြုံးကာဝေဆာကာ ပျော်ရွှင်နေကြသည် ။
ဒါပေမယ့် မြတ်မဟာမောင်တစ်ယောက် ယခုထိပွဲခင်းထဲမဝင်နိုင်သေးပါ။
အကြောင်းမှာတော့ တနေ့လုံး
ဖုံအလိမ်းလိမ်းထနေသောလမ်းကိုဖြတ်လာရသည့်အပြင်
နေအပူဒဏ်ကြောင့် ချွေးများကျထားသည့်မျက်နှာပေါ်တွင် ဖုံများပေကြံရောယှက်ကာ ကြည့်ရဆိုးနေခြင်းကြောင့်
အကိုသူရက သန့်စင်စေရန် ရေချိုးဆောင်လိုက်လံရှာဖွေနေခြင်းကြောင့် စောင့်ဆိုင်းနေရပြန်သည်။
ပြောလို့မရ တားလို့မရတာမို့ သွားစေဟူ၍သာ စိတ်ချမ်းသာအောင် လွှတ်လိုက်ရခြင်းဖြစ်သော်လည်း
မျှော်လင့်ချက်တစ်စုံတစ်ရာတော့မထားရှိပါချေ။
သည်လိုပွဲတော်မှာ အဘယ်သူကရေချိုးဆောင်ကိုထားရှိပါမည်နည်း။
မဖြစ်တန်ရာမို့တား၍လည်းမရနိုင်မယ့်စိတ်ကြောင့်
လက်လျော့၍သာ စေလွှတ်လိုက်ရပေမယ့် ပွဲတော်ထဲလှည့်ကာကြည့်ချင်စိတ်ကို အတင်းအဓမ္မထိန်းချုပ်ကာ နေနေရသည်မှာ သိပ်စိတ်မရှည်ချင်တော့ ...
ခဏကြာမှ အပြေးအလွှားရောက်လာတဲ့ အကိုသူရကိုတွေ့ရပါတော့သည်။

" အကိုသူရ ကျွန်ုပ်သွားချင်ရော့ပြီ ကိုယ်လက်မသန့်စင်လည်း ဘယ်သူမှသတိထားမိမယ်မထင်ပါ့ "

" မရပါ့ ညီငယ် ညစ်ပတ်ပေရေနေတဲ့ ပုံစံနဲ့တော့ အကိုသူရ ပွဲခင်းထဲကိုလိုက်မပြချင်ရော့တယ်
နတ်ရေကန်ရွာတော်ကြီးက အဖသူကြီးရဲ့တစ်ဦးတည်းသောသားတော်မောင်က
ပွဲခင်းထဲမှာ ညစ်ညစ်ပတ်ပတ်နဲ့ လည်ပတ်နေပါတယ်ဆိုတာမျိုးကို
အကိုသူရမလိုလားရော့ "

" ဒါပေမယ့် အဘယ်မှာ ကိုယ်လက်သန့်စင်စရာနေရာရှိပါရော့ ...
နတ်ရေကန်မှာဆိုရင်တောင် ကန်ရေနဲ့သန့်စင်လိုက်လို့ရသေးသည် အခုတော့ ... "

" အကိုသူရ အိမ်တအိမ်ကို အကူအညီတောင်းလာတာမို့ စိတ်မပူရော့နဲ့ အဝတ်အစားတွေယူခဲ့ပါချေ
သွားရော့မယ် "

" ကြည့် သူများကို အနှောင့်အယှက်ပေးခဲ့ပြန်ပါစ
အကိုသူရဟာလေ ဘာကိုမှမစဉ်းစားမငဲ့ညာခဲ့ပါရော့
အားနာဖို့်ရာကောင်းရော့တယ် "

ရွှေစိတ်တော် မညှိုးနွမ်းရော့စေ‌ / ‌ရွှေစိတ်တော် မညှိုးနွမ်းရော့စေOpowieści tętniące życiem. Odkryj je teraz