အပိုင်း ( ၂၃ ) ( Z + U )

32 5 2
                                    

Unicode

နှုတ်ခမ်းဖူးဖူးလေးသည် ရဲတွတ်နေ၏။
တဖက်သို့စောင်းကာ ဖိအိပ်နေသောကြောင့် မျက်နှာအားဖိမိကာ ပါးလေးတဖက်သည် ဖောင်းတတ်နေပါသော်လည်း
မျက်နှာနုနုလှလှလေးအား မဖျက်ဆီးနိုင် ။
အလုံးစုံ အတားအဆီးမဲ့ ခုန်လှုပ်နေပါသည့် နှလုံးအိမ်အား ဖုံးမရဖိမရ ။
တိတ်ဆိတ်နေ‌ပါသော ဝန်းကျင်တွင်
ရင်ဘတ်တွင်းမှ တဒုံးဒုံးမြည်သံသည် အတိုင်းသားကြားရပေလောက်လိမ့်မည် ။

ပူးကပ်သွားပြီးမှ နှုတ်ခမ်းစူစူလေးအား ထိမိခါနီးလေးတွင်ပဲ ရှောင်ကာ လျှောကျနေပါသော ဖျင်စောင်ထူထူလေးအား ပုခုံးထိဆွဲဖုံးပေးလိုက်တော့ နွေးထွေးသွားပုံပေါ်ပေမယ့် ကွေးကောက်ကာ အိပ်နေသူကလေးမှာတော့ သက်တောင့်သက်သာမရှိရော့သည်နှယ် ။  တအင်းအင်းညည်းတွားကာ လူးလှိမ့်နေတော့သည်မို့ အနားမှ ယပ်လေးအား ယူကာ အသာ ခတ်ပေးတော့မှ
ငြိမ်ကျကာ အိပ်မောတဖန်ပြန်ကျသွားပြန်တော့သည် ။
ဖြစ်နိုင်ပါလျှင် ဆူထော်ထော်လေးဖြစ်နေပါသည့်
နှုတ်ခမ်းအစုံအား ဖွဖွလေး ထိကပ်ချင်မိသည် ။
ညီငယ့်နှုတ်ခမ်းတို့သည် ရွှန်းစိုကာ အမြဲတစေ ရဲနေတတ်တာကြောင့် သစ်သီးကလေးလိုပင် ချိုမြနေလောက်မလားလည်း သိချင်၏။
ဖူးကြွကြွအစုံလိုက်သော နှုတ်ခမ်းလေးသည်
နူးညံ့ အိစက်ကာ ကတ္တီပါခင်းကလေးနှယ်
ဖြစ်နေမလားအားလည်း သိချင်သည် ။
စိတိတို့ကဆောင်တော့ မျက်နှာချင်းသည် ကပ်တော့လုမတတ် နီးစပ်နေတော့သည် ။
အသွင်းအထုတ်တို့ စည်းဝါးမှန်မှန် ဖြစ်နေသော
ဝင်လေထွက်လေတို့သည်သာ ကြားထဲမှ လေဟာနယ်တွင်ခြားတော့သည် ။ 
မျက်လုံးအစုံအား မှိတ်ကာ မည်သည်ပဲဖြစ်ပါစေဆိုပြီး ရှေ့ဆက်တိုး အဒိန္တဒါနကံကျူးလွန်ကာဖြင့်
မသိစိတ်က လုပ်ဆောင်မှုတို့အား တိုက်တွန်းနေသည့်တိုင်အောင် အသိစိတ်တို့သည် တစ်ချိန်တည်းမှာပင် လွန်ဆွဲပါ၏ ။
ဖြူစင်ခဲ့သော မေတ္တာ ၊ ထိုမှတဆင့် ချစ်ခြင်းမေတ္တာသို့ ပြောင်းလဲခဲ့သော ကျွန်ုပ်၏ စိတ်တို့သည် ထိုအနမ်းကလေးတပွင့်ကြောင့် အက်ကြောင်းထင်ကာ အစိတ်စိတ်အမွှာမွှာ ဖြစ်နိုင်သည် ။ ထို့အပြင် စောင့်ထိန်းလာသော ကိုယ်ကျင့်တရားနှင့်ယုံကြည်မှုတို့သည် ကျွန်ုပ်၏ အတ္တစိတ်တို့ကြား ပျက်စီးပျောက်ဆုံးနိုင်ရသည် ။
မတော်တဆ ညီငယ်နိုးသွားခဲ့ပါလျှင်လည်း
သည်တစ်သက် ကျွန်ုပ် ညီငယ့်အား ယခင်လို နီးကပ်စွာ စောင့်ရှောက်နိုင်ခွင့်တို့ ဆုံးရှုံးရနိုင်သကဲ့သို့ အခွင့်အရေးအားမိမိပိုင်ပိုင် ဆုပ်ကိုင်နိုင်သော သူတစ်ဦးကဲ့သို့ အမည်းစက်စွန်းထင် သွားနိုင်ရော့သည် ။
မသိခဲ့ပါဘူးဆိုခဲ့လျှင်တောင် ကျွန်ုပ်ကိုယ်စောင့်နတ်သည်
အချိန်တိုင်း ခြောက်လှန့်ကာ ကိုယ်ကျင့်တရားတို့အား သရော်နေပါလိမ့်မည် ။
ဟုတ်သည် ။  ညီငယ်ဟာ ကျွန်ုပ်မြတ်နိုးရတဲ့သူ ။ တနည်းအားဖြင့်ဆိုပါလေ မထိရက်မကိုင်ရက် ပျိုးထားရသော ပန်းကလေးဖြစ်ရာ၏ ။
ထိုပန်းကလေးအား ပိုလျှံသော မေတ္တာဓာတ်တို့ကြောင့်ဖြင့်ပင် မညှိုးနွမ်းရစေလိုရော့ ။
အစွန်းအထင်းတို့ အဖြစ်မခံနိုင်ပါရော့လေ ။
ချစ်မြတ်နိုးပါသည်ဟု ဝန်ခံခဲ့ပါသည့် ကျွန်ုပ်ကပင် တန်ဖိုးမထားပါလျှင် မဖြစ်တန်ရာတည်း ။

You've reached the end of published parts.

⏰ Last updated: Apr 11 ⏰

Add this story to your Library to get notified about new parts!

ရွှေစိတ်တော် မညှိုးနွမ်းရော့စေ‌ / ‌ရွှေစိတ်တော် မညှိုးနွမ်းရော့စေWhere stories live. Discover now