အပိုင်း ( ၉ ) ( Z+ U )

128 19 4
                                    

" ဟေး နတ်သက်ကြွေလာတဲ့ နတ်မိမယ်လေးက ပွဲလာကြည့်နေတယ်ထင်ရော့ အေ့ "

" မဖြစ်တန်ရာ ဘုရားသိုက်က ဥစ္စာစောင့်မလေးထင်ရော့
အေ့ လူယောင်ဖန်ဆင်းပြီးယောက်ျားပျိုအနေနဲ့ပါ
ဟန်ဆောင်လာရော့တာ ... "

သေရည်သောက်စားကာ လူမှန်းသူမှန်းမသိအောင်
ယိမ်းထိုးနေကြတဲ့ ကစော်သမားတွေမို့
မိမိဘက်ကပဲ ဦးစွာ ရန်ကိုရှောင်နေသည့်ကြားမှ
ရှောင်ရင်ရှောင်သည့်ဘက်
မျက်နှာလွှဲပါရင်လည်း လွှဲသည့်ဘက်ကို တကူးတကလိုက်လံ၍ နှောင့်ယှက်နေကြသည့် မိစ္ဆာလိုကောင်မျိုးတွေပင်တည်း။
စိတ်ထဲရှိသမျှ ပုံကာချလိုက်ရလျှင်
ဒီငမိုက်သားအုပ်စုတော့ဖြင့် လုံချည်လည်ပင်းစွပ်ကာ ထပြေးရလောက်ပေလိမ့်မည်။
သို့သော် အဖရဲ့အမှာစကားအရတော့
ခွေးရူးနှင့် ခွေးကောင်းဖက်ကာကိုက်ကြပါလျှင်
ခွေးကောင်းသာလျှင် အနာတရဖြစ်တတ်သည် ဆိုသည့်အတိုင်း တမင်ကွင်းကာရှောင်နေသည်ကို
သူတို့အားရှက်ရွံနေသည်ဟု ထင်သလားတော့မသိပါပေ။

" အေ့ ကျွန်ုပ်တို့က လူချမ်းသာမျိုးတွေပါ့
နှမငယ် ပျော်တော်ဆက်သလောက် ထိုက်သင့်တဲ့ အခကြေးငွေအပြင် ကျွန်ုပ်တို့က ပိုလျှံစွာပေးဦးမှာမို့
ကျွန်ုပ်တို့နဲ့လိုက်ပြီး ပျော်တော်ဆက်ပါလေ့ နှမငယ် "

ထိကပါးရိကပါးလုပ်လာတဲ့လက်တို့အပြင် နှာခေါင်းထဲသို့တိုးကာဝင်လာသည့် ချဉ်စုတ်စုတ်သေရည်နံ့တို့က ပျို့ကာမအန်မိရုံတမယ် ပြင်းကာခါးသက်နေတော့သည် ။
လက်ကိုအတင်းဆွဲနေကြသည်မို့ ဇာတ်ရုံရှေ့တွင် ရုန်းရင်းဆန်ခတ်သဖွယ် ဖြစ်နေကြသည်။
အလင်းတိုင်တွေကြားထဲတွင် လက်ပိုက်ရက်ဖြင့်ကြည့်နေကြသူများရှိသလို
ကစော်သမားတို့ကိုကြောက်ကာဝင်မဆွဲကြပဲ ကရုဏာသက်သောမျက်လုံးတို့ဖြင့် ကြည့်နေကြသူများလည်းရှိပေသည်။
ထိုသူများကိုလည်းအပြစ်မပြောတန်ရာ ...
အဘယ်ကြောင့်ဆိုသော် သီလငါးပါးထဲက ထိုမူးယစ်စေတတ်တဲ့သေရည်တို့ကို အလွန်အကြူးမှီဝဲထားသူတို့၏စိတ်သည် လူစိတ်ပျောက်ကာ တိရစ္ဆာန်တို့ကဲ့သို့ ဆင်ခြင်တုံတရားကင်းမဲ့နေကြပေလိမ့်မည်။
ထိုအခါ ထိုလူတို့အတွက်မပြုလုပ်ရဲတဲ့ အရာဆိုတာမရှိကြသကဲ့သို့ တစ်ဦးတစ်ယောက်ရဲ့အသက်ဝိညာဉ်ကို
အန္တရာယ်ရန်ပြုဖို့ရာလည်း မခဲယဉ်းလှ။
နတ်ရေကန်ရွာသားများသာတွေ့ရင်တော့
ကျွန်ုပ်အတွက်နဲ့ ထိုလူတို့ကို ဝိုင်းဝန်းနင်းချေကြပေလိမ့်မည်။
ဤသို့တော့လည်း မဖြစ်စေလိုရာ ...
မိမိတစ်ယောက်ကြောင့်ကျန်တဲ့သူများ၏
စီးပွားရေးလုပ်ငန်းတို့ ပျက်စီးသွားရပါသည်ဆိုလျှင်လည်း
မဖြစ်စေလိုသောကြောင့် ဒီလိုလူ့ငနွားတွေကို
အသိညဏ်ပြန်ရောက်အောင်သာ ဆုံးမလိုက်ဖို့ဆုံးဖြတ်ချက်ချလိုက်တော့သည်။

ရွှေစိတ်တော် မညှိုးနွမ်းရော့စေ‌ / ‌ရွှေစိတ်တော် မညှိုးနွမ်းရော့စေWo Geschichten leben. Entdecke jetzt