အပိုင်း ( ၅ ) ( Z+ U )

170 18 5
                                    

" ဟာ နောင်ကြီး ရာဇ "

" တာဝန်ပြီးဆုံးပြီရော့ နောင်ကြီး သူရ "

" ဟုတ်စ ထီးဘုရားကြီးကလည်း ဥယျာဉ်တော် ဝင်မှာမို့
သည်တစ်ခေါက်တော့ စောပြန်ရောက်နေတာပါ့ "

" ဟုတ်ပေသားပဲ နောင်ကြီးသူရက နတ်ရေကန် ရွာသားတစ်ယောက်ဆိုတာကို အဆိုရှိခဲ့ဖူးတာ မေ့နေရော့တယ် "

" ရှိပါလေစ နောင်ကြီးရာဇက တာဝန်များသူမို့ သည်လောက်အမှတ်ထားမိတာပဲ ကျေးဇူးတင်ရော့တယ်
နို့ဖြင့် အလည်ပေပဲလား "

" အိမ်း အဖသူကြီးဆီ ဧည့်လာတာပါ့ "

" ကောင်းပါ့ နောင်ကြီးရာဇ
ဒါနဲ့ အိမ်သူသက်ထားရော ကျန်းမာပါစ "

" နောင်ကြီးသူရ အမှတ်မှားလေရော့
အကျွန်ုပ်က အိမ်ယာမထူထောင်ရသေးတဲ့ လူလွတ်ပါ့ "

အမေးကို အဖြေနဲ့တုန့်ပြန်ပေမယ့်
အောက်နှုတ်ခမ်းသားတို့က လှုပ်ခါနေလျှက်
တစ်ခုခုကို မုသားပြောနေသလို မျက်လုံးတို့ကတောင်ရောက်မြောက်ရောက်ဖြင့်
ဆံစပ်ဝယ် ချွေးစတို့က ပြွတ်သီးလာတော့သည်ကို
လက်ခုံဖြင့်သုတ်လိုက်ပေမယ့် မြင်ဖြစ်အောင်မြင်လိုက်ရသေးသည်။
ဒါဖြင့် အကိုသူရဆိုသလို
အကိုရာဇမှာ ရည်ရွယ်ထားတဲ့သူ သို့မဟုတ်
ကာမပိုင်အိမ်ထောင် ရှိပေလိမ့်မည်ဟု မှန်းဆမိရတော့သည်။
စိတ်ထဲကစေညွှန်းနေသလိုသာ အကယ်၍ အဟုတ်ဖြစ်နေခဲ့ပါလျှင် အဖကို တကူးတကခက်ခက်ခဲခဲ
ငြင်းဆိုနေရန်မလိုတော့ပါ။
ကိုယ့်အတွေးနဲ့ကိုယ် စိတ်ဘဝင် ရွှင်မြူးလာတော့
မျက်နှာပေါ်တွင် အပြုံးရိပ်တို့ ယှက်ပြေးနေတော့သည်။

" ဟုတ်ရဲ့လား နောင်ကြီးရာဇ
နောင်ကြီးတို့ရွာက ပန်းတောင်ကိုင်မလေးနဲ့
စေ့စပ်မြန်းပြီးကြောင်း အဆိုရှိဖူးရော့သလားလို့ပါ့ "

" နောင်ကြီး အမှတ်မှားတာပဲဖြစ်မယ်ပါ့ "

" အကိုသူရ အကိုသူရ "

လက်မောင်းရင်းနားက ဖျင်အင်္ကျီစကို ဆွဲလိုက်ရင်း မထူးမချင်းခေါ်နေတာမို့ အကိုသူရက မျက်လုံးလေးတွေ လက်ခနဲဖြစ်နေအောင် ငုံ့ကာကြည့်နေတော့သည်။

ရွှေစိတ်တော် မညှိုးနွမ်းရော့စေ‌ / ‌ရွှေစိတ်တော် မညှိုးနွမ်းရော့စေHikayelerin yaşadığı yer. Şimdi keşfedin