ကန်တော်ပတ်လည်ဝန်းရံနေကြသည့်
ရွာတော်သားတို့မှာ များပြားလွန်းလှပါသည် ။
နေထိုင်ခဲ့စဉ်တလျှောက် ရွာတော်မှာ ဒီလောက်ရွာတော်သူရွာတော်သားတို့ရှိခဲ့သည်မထင်ပါ။
ရောက်ရာအရပ်ကပြန်လာကြသူတို့နှင့်
တခြားရွာများမှ ဧည့်လာရင်းပွဲတော်ဆင်နွှဲကြသူတို့ကြောင့်
ရွာတော်ပွဲက ယခင်ကထက်ပိုပြီး စည်ကားနေတော့သည်မှာလည်း ဝမ်းသာပီတိဖြစ်မိရသည်။
တခမ်းတနားမဟုတ်သည့် သာမာန်အစဉ်အလာပွဲဆိုသည့်တိုင်အောင်
ရွာတော်သားတိုင်းက
အမြတ်တနိုးထားချစ်ခင်ပေးကြသည့် ပွဲတော်မျိုးမို့
တပါးရွာများကပါ စိတ်ဝင်စားကြသည်မှာ
ရွာတော်အတွက်တော့ ဂုဏ်ဆောင်နိုင်ခဲ့သလိုပါပင် ... ။အကိုသူရတယောက်ကတော့ ဘေးကမခွာ ကပ်ကာနေနေတာမလို့ အတင်းဖယ်ကာ အဖဆီပြေးရတဲ့အထိ ...
ပြုံးစစမျက်နှာပေးနဲ့ကျန်ခဲ့တဲ့သူကိုအသည်းယားလွန်းစွာ
ဆွဲကာထိုးနှက်လိုက်ပစ်ချင်ပါဘိ ... ။: အဲ့ဒီ့လူကြီးက ရုပ်ပြောင်းရုပ်လွှဲများ တတ်မြောက်နေလေရော့ :
" အဖ "
" ဪ လူလေး ရောက်ရော့ "
" ဟုတ်ကဲ့အဖ ဒါနဲ့
ကျွန်ုပ်အတွက် ကြာခွက်က အဘယ်မှာပါ့ "ဗလာကျင်းကာ ဟိတ်ဟန်ကြီးစွာဖြင့် ကွပ်ကဲစီမံနေကာ ပိုက်ထားတဲ့ အဖလက်တို့မှာ ဘာဆိုဘာမှမရှိပါ။
ကိုယ်စီ ကိုယ့်အိမ်မှာ လုပ်ထားကြတဲ့ ကြာခွက်ကိုသာမြောကြရမှာမို့ အဖတော့ယူသွားလောက်ပြီထင်ပေမယ့်
အဖကိုယ်တိုင်တောင် အလုပ်များကာ မေ့လျော့နေခဲ့သည်ထင်သည်။" အဖယူသွားရော့မယ်ထင်ရော့တာ "
" အိမ်တော်က သူတွေကို အဖသေချာမှာထားခဲ့ရော့တာကို
လူလေးထွက်လာတာ မမြင်ရော့လို့များပေလား "အဖပြောမှသာ တွေးမိပါတော့တယ်
အိမ်တော်ပြတင်းကနေ အကိုသူရအလာတွေ့ရုံကလေးနဲ့
အပြေးအလွှားပြေးဆင်းလာခဲ့တဲ့သူမလို့
အိမ်တော်ကအမှုထမ်းတို့က လှမ်းခေါ်ချိန်တောင်မရခဲ့လိုက်သည်ထင်သည် ...
ကိုယ့်ခေါင်းကိုယ်သာ ပေါ့လျော့လွန်းတယ်ဆိုပြီး ထုရိုက်ပလိုက်ချင်တော့သည်။
အိမ်တော်ပြန်ယူဖို့အတွက်လည်း ခရီးကမလွယ်
သူများဆီကတောင်းဖို့ကျပြန်တော့လည်း တစ်ယောက်တခွက်သာ ကိုယ်စီယူလာကျတာကြောင့် အပိုဆိုသည်မှာလည်းမရှိ ...
ခုတော့ ရွာတော်ပွဲမှာ ကြာခွက်မပါပဲ
တယောက်တည်း ဆင်နွှဲရပေတော့မည်။
ΔΙΑΒΑΖΕΙΣ
Ρομαντικήအတိတ်က သိပ်ချစ်ခဲ့ကြတဲ့ချစ်သူနှစ်ဦးဟာ အခုဘဝအထိ သစ္စာကတိတွေ ခိုင်မြဲနေကြသတဲ့လား ... # ဤဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများသည် သမိုင်းနောက်ခံများနှင့် မှီငြမ်းကိုးကားထားခြင်းဖြင့် မသက်ဆိုင်ပဲ စာရေးသူ၏ စိတ်ကူးသပ်သပ်မျှသာဖြစ်ပါသည်။ Unicode အတိတ်က...