အပိုင်း ( ၃ ) ( Z+ U )

257 27 9
                                    

" ဘယ္လို အဖ ? "

သောက်လက်စ အကြမ်းပန်းကန်လုံး
လွတ်ကျသွားသည်အထိ
စိုးထိတ်ဖွယ်ကောင်းလှသောစကားကို အဖနှုတ်ကမွတ်ဟသည့်အခါမှာ ထိတ်လန့်သွားရသည်မို့
နှစ်ခါပြန်၍ မေးမြန်းရသည့်ထိပင် ... ။
အဖကတော့ လက်ထဲက ပြောင်းဖူးဖတ်ဆေးလိပ်ကြီးကို နှစ်ဖွာ သုံးဖွာလောက် အားရပါးရ ရှိုက်ပြီးမှ စကားစကိုပြန်ဆက်တော့သည် ။

" ဟုတ်တယ် လူလေး
လက်မခံနိုင်စရာကောင်းပေသိ
လူလေးကောင်းစားဖို့ အဖကြံဆောင်ရသည်ကိုတော့
နားလည်ပေးစေချင်ပါ့ "

" အဘယ်ကို လက်ခံနိုင်ဖွယ်ရာ ရှိပါစ
အဖ က စဉ်းစားတွေးမြော်တတ်တဲ့ ရပ်ရွာသူကြီး ဖြစ်သည့်တိုင်အောင် အရာရာကို ကိုယ့်စိတ်တိုင်းကျ ဆုံးဖြတ်ဖို့ မသင့်ပါစ
အရင်ဆုံး ကာယကံရှင်ရဲ့ စိတ်ဆန္ဒကိုတော့
အလေးထားမေးမြန်းသင့်သည် မထင်ရော့ "

အုပ်ချုပ်သူတစ်ယောက်ဖြစ်တဲ့အဖက
ရွာတစ်ခုလုံးကိုတောင် ငြိမ်သက်စည်းလုံးအောင် ထိန်းချုပ်ထားနိုင်ခဲ့သည်ကြောင့် သားဖြစ်သူကိုပါ
သူ့ဆုံးဖြတ်ချက်အတိုင်း နာခံမည်ထင်နေသလားပင်။
အဖစကားမပယ်ရှားလိုပေမယ့် မဖြစ်သင့်တဲ့အရာတစ်ခုကို လွယ်လွယ်ကူကူ ခေါင်းငြိမ့်လက်ခံလိုက်သည်ကိုတော့ အံဩမဆုံးနိုင်ပါ။
အဖရဲ့ တွေးခေါ်ညဏ်တွေ ဘယ်အရပ်များရောက်ကုန်ကြပါလိမ့် ...

" နန်းတော်ကို လျင်မြန်စွာ ပေါက်ရောက်နိုင်သည်မို့
လူလေးကောင်းစားတာကို အဖမြင်ချင်ရော့တာပါ့ "

" တစ်စုံတစ်ယောက်ရဲ့ အကူအညီနဲ့
နန်းတော်တွင်း ဝင်ရောက်နိုင်ခဲ့ရင်တောင်
အဖသား ကျွန်ုပ်က ယောက်ျားတန်မဲ့
သူများကြောင့် အရာရောက်ရော့တယ်ဆိုပြီး
မင်းချင်းတွေ မှူးမတ်တွေကြားထဲ မျက်နှာငယ်နေရမှာကိုရော အဖမတွေးမိရော့ "

" အို ... အဘယ်ကဲ့သို့သူက လူလေးကို အပြစ်ပြောနိုင်ရော့မယ်
လူလေးကို မင်းတရားကြီးက ဒီလောက်ချစ်ခင်ဦးစားပေးတာ
မင်းမျက်သင့်မရော့ "

" မင်းမျက်သင့်မှာတစ်ခြားသူမဟုတ်ပဲ
ကျွန်ုပ်ကိုယ်တိုင်သာဖြစ်ပေလိမ့်မည်ပါ့
ထီးဘုရားကြီးရဲ့ နားတော်ကို ယောက်ျားပျိုခြင်း အိမ်ယာထူထောင်သည့်အဖြစ်သာ ပေါက်ကြားသွားရင်
အကုန်လုံး ဒုက္ခများပါရော့ "

ရွှေစိတ်တော် မညှိုးနွမ်းရော့စေ‌ / ‌ရွှေစိတ်တော် မညှိုးနွမ်းရော့စေWhere stories live. Discover now