အပိုင်း ( ၁၈ ) ( Z + U )

119 13 4
                                    

" ညီငယ် ... "

" ဗျ အကိုသူရ "

" အကိုသူရက ... ညီ ... ညီငယ့်ကို ...... "

" အဘယ်ကြောင့် သည်မျှလောက် ထစ်ငေါ့ကြောင်အမ်းနေတော့တာ
ဆိုပါဦးတော့ ကျွန်ုပ်က
သရဲသဘက်ရုပ်မျိုး ဖြစ်နေရော့လို့လား "

" မဟုတ်ပါရော့ ညီငယ်
အကိုသူရ ရင်ဘတ်တွေပေါက်ထွက်လုမတတ်
ခုန်ကာတိုးနေရရော့တာပါ့ "

" ဟုတ်စ ... မှန်း
ကျွန်ုပ်နားထောင်ရော့မယ် "

နှလုံးအိမ်အနား အနီးကပ်ဆုံးနေရာဖြစ်ရသည့်
ရင်အုံ့နားသို့ ခေါင်းလေးကပ်ကာ တိုးဝင်နေပါသည့်ကောင်ငယ်လေးကြောင့်
တိုးထွက်လာမတတ်နှလုံးသားတို့ကို
ပေါက်မထွက်သွားအောင် ထိန်းချုပ်တားဆီးနေရသည်မှာလည်း
ချွေးစတို့နဖူးပေါ်စိုစွတ်ရတော့သည်။
သို့ပေသိ အဆတ်မပြတ်စွာသော ခံစားသက်ဝင်မှုတို့ကိုတော့ အဘယ်ကဲ့သို့အင်အားမျိုးတို့နှင့်မှ ပိတ်ပင်တားဆီးနိုင်ရော့မည်မထင် ...

" ဟော ... အကိုသူရ ရင်ဘတ်တွင်းက
ဒုတ်ဒုတ်ဒုတ်ဒုတ်နဲ့ပါ့ တကယ်ကြီးပေါက်ထွက်လုမတတ်ပါရော့ "

" ညီငယ် အရမ်းတိုးကပ်နေပါရော့ "

ခေါင်းတခုလုံးဝင်တိုးနေပါသည့် ညီငယ့်ကြောင့် စောင့်ထိန်းထားရသည့် သိက္ခာတရားတို့ ပျက်လုမတတ်
တသက်လုံး တည်ကြည်လာရပါသည့် အိနြေ္ဒတို့်သည်လည်း ပျက်ယွင်းသွားလုမတတ်
ချွေးစေးချွေးပေါက်တို့ကျကာ တုန်လှုပ်နေပါသည့်မျက်နှာအမူအရာတို့်သည် သိသာစွာပျက်ယွင်းနေရတော့သည်။
ဆံနွယ်တို့က နှာဖျားတွင်းသို့စီးဝင်ကာ
မွှေးကြိုင်နူးညံ့လွန်းရပါသည့် ရနံ့တို့သည်လည်း
ညီငယ့်ကြောင့်နှလုံးအိမ်တို့ခုန်လှုပ်နေရသည်ကို
ပိုမိုကာမြန်ဆန်စေရသည့်နှယ် ...
နှစ်သက်စွာ မသိမသာမွှေးကြူမိတော့မှ
ခပ်ယဲ့ယဲ့လေးရလာရသည့် ပန်းရနံ့သင်းပျံပျံလေးသည်မှာမြတ်နိုးတွယ်တာရဖွယ် ...
ညာဘက်ရင်အုပ်ပေါ် မထိတထိလေးတင်ထားပါသည့်
ညီငယ့်၏ ဘယ်ဘက်လက်ချောင်းသွယ်သွယ်လေး
တို့သည် ကျွန်ုပ်၏
အူအသည်းတို့ပြတ်ထွက်မတတ်ရအောင် နူးညံ့စွာလှုပ်ရှားနေတော့သည်။
တခြားရွာတော်သူရွာတော်သားများသာမြင်ပါလျှင်
အကြင်စုံတွဲတို့ ချစ်ကြည်နူးနေကြသည့်အလား
ရင်ဘတ်ထဲထွေးကာဝင်နေပါသည့်မိန်းမပျိုလေးကဲ့သို့
ထင်ယောင်ထင်မှား ဝိုးတဝါးဖြစ်ရစေတော့မည်။
ညီငယ်သည် ဝန်းကျင်တစ်ခွင်ကို မျက်ဝန်းတို့ထဲမေ့ကာဖျောက်ထားသည့်အလား အတို့စိတ်ကိုသာဦးစားပေးပြီး
သူ့သဏ္ဍာန်လေးအတိုင်းအတိုင်း
မပျက်မယွင်းနေထိုင်ပုံကလေးသည် ဟိုးငယ်စဉ်ကလေးဘဝကတည်းမှ
ယခုထိအနည်းငယ်ကလေးမျှတောင်
ပြောင်းလဲမသွားပါချေ ။
ဝန်းစိုရွှန်းလဲ့နေပါသည့် မျက်ဝန်းလေးတို့သည်လည်း
ညည့်အလင်းကောင်ကြောင့်ပင်လား
ပကတိတောက်ပနေသည်လားမသိရအောင်ကို တောက်ပနေသည်မှာချစ်မြတ်နိုးဖွယ်ရာအတိပြီးလျက်
ကြည်စိုဖူးကြွနေပါသည့် နှုတ်ခမ်းတို့သည်လည်း ကိလေသာမခမ်းကုန်သည့်လူသားစင်စစ်တို့ကိုတောင်
အသာတကြည်ဈာန်လျောသွားရစေနိုင်ပါသည့် အလှမျိုးကို နတ်ဘုရားတို့
အသနားတော်ရှိလိုက်သည့်နှယ်
အလှသွေးတို့ဖူးကြွနေပါသည့် ညီ့ငယ့်ကြောင့် အတွင်းမှခုန်ပေါက်နေပါသည့် နှလုံးသားတို့မှ
တောင့်ခံနိုင်တော့မည်မထင်ပါချေ ။

ရွှေစိတ်တော် မညှိုးနွမ်းရော့စေ‌ / ‌ရွှေစိတ်တော် မညှိုးနွမ်းရော့စေWhere stories live. Discover now