အပိုင်း ( ၂၁ ) ( Z + U )

115 3 3
                                    

အေးစက်ငြိမ်သက်နေပါသည့် သူ့ဘာသာသူအေးချမ်းနေပါသော
ကန်ရေပြင်ကျယ်သည်
တစ်ဦးတစ်ယောက်သောသူ၏ လွမ်းမျှော်စိတ်ကလေးကြောင့် အပြစ်သားသဖွယ်
ကျောက်လုံးကလေးများနှင့် ဆင့်ကာဆင့်ကာ ပစ်သွင်းပုံချခံရသည့်ထင် ... ။
ကန်ရေပြင်ပေါ်လှိုင်းဂယက်ကလေးမှာ
ဗလောင်ဆူနေပါသော်လည်း မဟာမောင်၏
ညစ်နွမ်းနေသောစိတ်ကလေးမျှလောက်
လှိုင်းတံပိုးမရိုက်ခတ်နိုင်ပါတည့်။
အခြားသောအခြင်းအရာများဟူ၍ ကြံဖန်တွေးဆနေစရာမလိုလောက်အောင်
မဟာမောင့်စိတ်တော် မရွှင်ပြမတောက်ပနိုင်သည်မှာ
အမှန်စင်စစ် ထိုအမောင်လူသား လူ့စိမ်းကားကြီးကြောင့်ပင်။
မှုန်ရီမှိုင်းပျနေပါသည့် မျက်နှာနုနုကလေးမယ်
မျက်ဝန်းအိမ်သို့အိကျပြိုဆင်းလုမတတ်၊
ပါးပြင်တလျှောက်စိမ်းဖန့်စွာယှက်ပြေးနေပါသည့်
သွေးကြောမျှင်ကလေးတွေသည်လည်း တိုးပေါက်လုမတတ်၊
တွန့်ချိုးထားသည့်မျက်ခုံးတို့သည်မှာလည်း တောင့်တင်းလျက်နှင့်
နီညိုသွေးရောင်ကတ္တီပါစကလေးကဲ့သို့ရွှန်းစိုနေပါသည့်
နှုတ်ခမ်းဖျားလေးသည်လည်း နှာခေါင်းထိပ်ကလေးကိုကျော်ကာ
ရှေ့ကိုကော့ညွတ်ထိုးထောင်နေပုံမှာတောင်
အနုစိတ်လွန်းစွာ မက်မောစွဲလန်းမိရလောက်ပါဘိ။
သွားလိုသူက အသောနှင်သွားပေမယ့်
မျှော်နှင့်သူ၏ စိတ်အလိုကို မရှုစိမ့်နိုင်ပါဘိနဲ့
မျက်နှာလွှဲခဲပစ် အလိုမျက်ကွယ်ပြုရက်နိုင်လိမ့်တယ်
အဘယ်မျှလောက် စိတ်ညစ်ညူးနွမ်းလျခဲ့တယ်ဆိုဆို
အဘယ်လောက် စိတ်တော်မရွှင်ပျပါဘူးဆိုပေဦးတော့
အဘယ်ကြောင့် ဒုန်းဆိုင်းတဟုန်တည်း ခရီးနှင်သွားသည်မသိ။
အကျွန်ုပ်ကပင် သည်လူ့အတွက် အဟန့်အတားသကဲ့သို့ဖြစ်ရသလောလေ
မျက်နှာလွှဲခဲပစ် ရှိသည်တောင်မထင် အရေးတယူလုပ်ကာနှုတ်ဆက်မသွားလေရော့လေ။
ယနေ့ပါအပါဆို ထိုလူကြီးရွာကအပြေးနှင်သည်မှာ သီတင်းပတ်ငါးပတ်ထဲရောက်နေချေတိုင်အောင်
အဘယ်အကြောင်းမျှမကြားရချေသည်မှာလည်း ဘဝင်မကျလွန်းရာတည့် ... ။ လူကိုယ်တိုင်မဟုတ်တောင် ရွာတော်မှ နန်းရွှေမြို့တော်ကိုသီတင်းတပတ်လျှင်တစ်ခါ ဈေးအဝယ်တော်ရှိပေတာပဲကို လူကြုံနဲ့ သာကြောင်းမာကြောင်းလောက်မျှတော့ ပြောဖို့သင့်ရာပါ့။ ယခုများဖြင့် စာလွှာမပါး အမှာမကြားပါပဲနှင့် မျှော်သာမျှော်ပေါ်မလာသူမယ်ကြောင့် အဘယ်လောက်တောင်မှ
စိတ်ဖြောင့်ဖြူးရက်နိုင်ပါပေလိမ့်နှယ်။
ကျွန်ုပ်ကြောင့်ပဲ ပြန်မလာရော့သလား
အမှန်ပင် ပျားပန်းခတ်အောင်
အမှုတော်ထမ်းနေရသလားတော့
မသိရောပေမယ့် ဗျာပါဒများအောင်ပင်
တမင်ဘာမှပြောဆိုထားခဲ့ခြင်းမရှိရော့တာတော့
အဟုတ်အမှန်ပါတည့်လေ ။

ရွှေစိတ်တော် မညှိုးနွမ်းရော့စေ‌ / ‌ရွှေစိတ်တော် မညှိုးနွမ်းရော့စေWhere stories live. Discover now