အပိုင်း ( ၁၁ ) ( Z+ U )

119 10 3
                                    

ကြယ်ရောင်စုံတို့လင်းလက်နေသည့်ညသည်တောင်
အကိုသူရမျက်နှာပေါ်ကအပြုံးလောက် လင်းလောက်တောက်ပနိုင်မည်မထင် ...
အကိုရာဇတို့အိမ်တော်မှ ပြန်လာသည့်လမ်းတလျှောက်လည်း အကိုသူရမျက်နှာသည် ကြည်စင်ဝင်းပကာ တောက်ပနေတော့သည် ။
လင်းထိန်ကာတောက်ပနေပါသော စန္ဒာလမင်းသည်
အကိုသူရ၏ ဝင်းဖန့်ဖန့် မျက်နှာပေါ်သို့သာ မျက်နှာလိုက်၍
လင်းလက်ပေးနေသလို တောက်ပနေတော့သည်။
သည်လောက် ပျော်ရွှင်မြူးတူးနေရလောက်အောင်လည်း
အကိုသူရစိတ်ဘဝင်ရွှင်လန်းစရာ အကြောင်းကိစ္စတို့်ဖြင့်ကြုံခဲ့ရသည်လည်းမဟုတ်ပါချေ။
စိတ်ဘဝင်ညှိုးနွမ်းစရာ အဖြစ်အပျက်တို့နှင့်သာ တွေ့ကြုံခဲ့ရတာမို့ အကိုသူရ၏ ရွှင်မြူးနေရခြင်းဋီကာကို
အဓိပ္ပာယ်မဖွင့်ဆိုနိုင်တော့ပါ ...
အကိုသူရက ကျွန်ုပ်မျက်နှာကိုသာမက နာမ်ဘဝင်စိတ်အစဉ်တို့ကိုပါ စာပေလွှာတို့လို ဖတ်ယူမှတ်သားနိုင်ပေသိ ကျွန်ုပ်ကတော့ အကိုသူရ၏ စိတ်ဘဝင်ထဲထိထိုးဖောက်ကြည့်မြင်နိုင်လောက်အောင်
မတတ်မြောက်ခဲ့ပါလေ ...
သို့သော် လမင်း၏ ဝင်းထိန်တောက်ပနေမှုအောက်တွင် ဖြစ်တည်နေသော ထိုမျက်နှာ၏ကြည်စင်မှုတို့သည်
ဤလောကမြေမဟီတွင် အခန့်ညားဆုံးဖြစ်ပေပါလိမ့်မည်
ထိုမျှလောက်အောင် ကြည့်ရှုမဝပါသော မျက်နှာကို ပိုင်ဆိုင်ထားပါသော အကိုသူရအပေါ်လည်း
မနာလိုစိတ်တို့မသိမသာ
ကိန်းအောင်းဖြစ်တည်ရသည်အထိ
ထိုမျှလောက်ထိ အကိုသူရသည်
လပြည့်ည၏ အလင်းရောင်နဲ့ ပနံတင့်လွန်းစွာ
လိုက်ဖက်ခန့်ညားလွန်းသည်မှာ ရှုပျော်မဝဖြစ်ရလွန်းပါသည်။

ညည့်အမှောင်တို့သည် အကိုသူရမျက်နှာကို ကြည့်နေမိချိန်မှာတင် ကြောက်စိတ်တို့လွင့်ပျယ်သွားသကဲ့သို့ ဘာဆိုဘာမှလည်းမတွေးတောမိတော့ပါ ...
အကိုသူရနှင့်သာဆို လုံခြုံရသည်။
အကိုသူရနှင့်သာဆို ပျော်ရွှင်ရသည်။
အကိုသူရနှင့်သာဆို ဟန်ဆောင်မှုတို့ကင်းစင်ရသည်။
အကိုသူရနှင့်သာဆို အရာရာပြီးပြည့်စုံခဲ့ပါသည်။

" မောင်ငယ် ... "

မြင်းကုန်းနှီးပေါ်တွင် သိမ်မွေ့ယိမ်းနွဲ့စွာပါလာသောမိန်းမပျိုသည် ခုနကအိမ်တော်အတွင်းမှ အမျိုးသမီးသာတည်း။
အကိုရာဇအဘရဲ့အဆိုအတိုင်းသာဆိုပါလျှင်
သူဟာ အကိုရာဇ၏ စေ့စပ်ကြောင်းလမ်းပြီးသူ အမျိုးသမီးငယ် ...
ဘယ်လိုပဲအကိုသူရဆိုပါစေတော့
ကျွန်ုပ်ဘက်ကမလွန်အောင်သာ အပြောအဆိုဆင်ခြင်ရပါလိမ့်မည်။
တစ်ဖက်မိန်းမပျိုတစ်ဦးနှင့် ယှဉ်တွဲကာ
ယောက်ျားပျိုတစ်ဦးကို လုယက်ဖို့ရန်အတွက်တော့
မြတ်မဟာမောင်ရဲ့ ဂုဏ်သိက္ခာတို့် အကျည်းမတန်သေးပါ
ထိုလူက မည်သို့ပင်ဆိုပါစေ
ကျွန်ုပ်ကတော့ ကိုယ့်ဂုဏ်သိက္ခာအတွက်ပါမက
တပါးသူမိန်းမပျို၏ အရှက်သိက္ခာအတွက်ပါငဲ့ကွက်ရပါမည်။
ဤသို့မဆင်ခြင်ခဲ့ပါလျှင် ထိုမိန်းမပျိုက သူအိမ်ယာထူထောင်ရမည့် အမျိုးကောင်းသားအိမ်ဦးရှင်သည် အမျိုးသားတစ်ဦးဖြင့်အိမ်ယာထူထောင်ရန် ဆွေးနွေးတိုင်ပင်ဖူးပါသည်ဆိုသည့်
ထိုးနှက်စကားတို့ဖြင့် အရှက်မရစေလိုပါ ...
ရုပ်အဆင်းရူပကာပြည့်စုံလွန်းပါသည့် ထိုမိန်းမပျိုသည်သာလျှင် အကိုရာဇနဲ့
အလိုက်ဖက်ဆုံး ဖြစ်ပါလိမ့်မည် ...

ရွှေစိတ်တော် မညှိုးနွမ်းရော့စေ‌ / ‌ရွှေစိတ်တော် မညှိုးနွမ်းရော့စေWhere stories live. Discover now