အပိုင်း ( ၂ ) ( Z+ U )

412 42 8
                                    

" စစ်သူကြီး သူရထွဋ်ခေါင် "

နတ်ရေကန်ရွာရဲ့ အမျိုးကောင်းသားတစ်ယောက်လည်းဖြစ်သလို
ပြည့်ရှင်မင်းတရားကြီးရဲ့ အားထားယုံကြည်ရတဲ့
လက်ရုံးရည်နှလုံးရည်ပြည့်စုံကြွယ်ဝတဲ့ စစ်သူကြီးဖြစ်သည်။
နတ်ရေကန်ရွာကို ပြည့်ရှင်မင်းတရားကြီးကိုယ်တော်တိုင်
တိုင်းခန်းလှည့်လည်စဉ်က ထူးခြားစွာသော လက်ရုံးရည်တို့ကို လေ့ကျင့်နေတဲ့ သူရထွဋ်ခေါင်အားမြင်တွေ့ခဲ့ပြီးသည်အချိန်မှာ နန်းတော်တွင်းသွင်း၍ ရွှေဓားကိုင် စစ်သူကြီးရာထူးပေးခဲ့သည် ။
ရွှေဓားကိုင်စစ်သူကြီးဘွဲ့သည်လည်း နယ်နယ်ရရဘွဲ့တော်မျိုးမဟုတ်ပါချေ။
ဘုရင်မင်းမြတ်အပါးတွင် နှစ်ရှည်လများစွာ
သစ္စာတော်ခံယူရင်း အမှုထမ်းရာမှ ဘုရင်မင်းမြတ်ကိုကာကွယ်စောင့်ရှောက်နိုင်သူများသာ
ရရှိသောဘွဲ့တော်မျိုးကို ဘုရင်မင်းမြတ်က
စစ်ရေးလေ့ကျင့်နေပုံကိုမြင်ရုံဖြင့် တန်းပြီး ချီးမြှင့်မြှောက်စားတော်မူခဲ့ခြင်း ဖြစ်သည် ။
စစ်ရေးစစ်ရာမှာ သူမတူအောင်တိုက်ခိုက်နိုင်စွမ်းရှိတာမို့
သူရထွဋ်ခေါင် ဦးစီးသည့်တိုက်ပွဲမှန်သမျှ
အသေအပျောက်နည်းပြီး အောင်ပွဲများသာဆွတ်ခူးနိုင်ခဲ့သည်။
ဘုရင်မင်းမြတ်ကိုယ်တော်တိုင် အားကိုးအားထားပြုရတဲ့
စစ်သူကြီးတစ်ဖြစ်လည်း ရွာတော်ကိုပါ ကာကွယ်နိုင်စေရန် သီတင်းပတ်လေးပတ်ခြား၍
ရွာတော်တစ်လှည့် ရွှေနန်းတော်သို့တစ်လှည့်
အခစားဝင်ရောက်ကာ ကာကွယ်စောင့်ရှောက်စေသည်။

နန်းရင်ပြင်နန်းတွင်းသို့ အဆီးအတားမရှိ ဝင်ရောက်ခစားခွင့်ရသူက ဤနတ်ရေကန်ရွာတွင်
လေးဦးမျှသာရှိသည် ။ ယင်းတို့မှာ နတ်ရေကန် ရွာတော်ကြီးရဲ့ သူကြီးဦးရွှေစိုင် ၊ အမတ်ဝန်လောင်း မြတ်မဟာမောင်၊ ညာလက်ရုံးတော်ရွှေဓားကိုင် စစ်သူကြီးသူရထွဋ်ခေါင်နဲ့
ပြည့်ရှင်မင်းတရားကြီးရဲ့ ညီမတော် နန်းကြာမှုံ၏
ရံရွေတော် လှမနောဖြူ ဆိုသည့် လေးဦးတည်းသာလျှင်။
အဖနဲ့ကျုပ်ကတော့ အရောက်အပေါက်နည်းကြပေမယ့်
နန်းတွင်းအမှုကျွန်များဖြစ်ကြတဲ့ သူရထွဋ်ခေါင်နဲ့ လှမနောဖြူ တို့ကတော့ အကြိမ်ပေါင်းမနည်းလွန်းလှပေ။
အမှုကျွန်ဆိုပေသိ အခြေအနေမှာ
နုံချာလွန်းကြသူများမဟုတ်ကြပေ။
တာဝန်ကျေပွန်စွာအမှုထမ်းကြသူတို့အဖို့ မင်းတရားကြီးမှ ရွာတော်သို့မပြန်မှီ ဆုတော်လာဘ်တော်များ အမြောက်အများချီးမြှောက်တော်မူသည်မို့
အဖတို့နှင့် တန်းတူညီမျှသော စည်းစိမ်ချမ်းသာကို ခံစားနေထိုင်ကြသူများဖြစ်ကြသည် ။
ဒါနပေးကမ်းခြင်းသဒ္ဓါတရားမှာတော့ ပြည့်ရှင်မင်းတရားကြီးက ခေတ်သစ်၏ ဝေသန္တာမင်းကြီးကဲ့သို့ပေတည်း ။

ရွှေစိတ်တော် မညှိုးနွမ်းရော့စေ‌ / ‌ရွှေစိတ်တော် မညှိုးနွမ်းရော့စေWhere stories live. Discover now