အပိုင်း ( ၂၀ ) ( Z + U )

165 8 5
                                    

" လူလေး ... လူလေးရာဇ ... "

အခန်းဆောင်တံခါးကိုအဆတ်မပြတ်ထုရိုက်နေပါသည့်
အိမ်တော်စောင့်ကြောင့် လှဲလှောင်းအနားယူနေသည်ကနေ
မထချင်ထချင်ဖြင့်သာထလာရသည်။
ရွာပွဲတော်ကြီးပြီးကာစမို့ အလုပ်များခဲ့သည့်အပြင်
ပွဲတော်ရက်အတွင်းတောင် တဖက်ရွာထိကိုကူးကာ
ချစ်ရသူ အိမ်သူသက်ထား၏မျက်နှာတော်ကိုလည်း တကူးတကသွားကာမော်ဖူးခဲ့ရသေးတာမလို့ လုပ်စရာရှိသည်တို့ကို ရွာသားတချို့နဲ့ လွှဲထားခဲ့ပြီး
အိမ်တော်မှာလာအနားယူနေခဲ့တာ ...
အခုအကြောင်းကိစ္စတစ်စုံတစ်ရာ
ဖြစ်ပေါ်လာသည့်အလား ဆောင်တော်တံခါးကိုထုနေတာမလို့
ကပိုကရိုဖြစ်နေသည့် လုံချည်ကို ပြန်ပြင်ဝတ်လိုက်ရင်း
ခေါင်းပေါင်းအောက်ကထွက်ကျနေသည့် ဆံပင်တို့ကို
ခေါင်းပေါင်းအောက်သေသပ်စွာထိုးထည့်လိုက်ပြီး
တံခါးကိုဖွင့်ပေးလိုက်တာတောင် ထုရိုက်နေတဲ့လက်ကအရှိန်မသေသေးသလို မျက်နှာကိုတောင်ထုရိုက်မိတော့မတတ် ... ။

" ဒေါ်ကြီး မျက်နှာထိရိုက်မိပါရော့မယ် "

တံခါးကိုမကြည့်ပဲ တခြားအရပ်ကိုခေါင်းလွှဲပြီးအဆက်မပြတ်ထုရိုက်နေတာမလို့ ဖွင့်လျှင်ဖွင့်ချင်း အိမ်တော်စောင့်ဒေါ်ကြီးလက်က မျက်နှာနားမယ်အရံသင့်မို့ အမြန်ရှောင်တိမ်းလိုက်ရင်းဖြင့်ဆိုရသည်။
ထိုသည်ကိုတောင် ဒေါ်ကြီးတယောက်က ချက်ချင်းလှည့်မကြည့်နိုင် ...

" အယ် ကန်တော့ ကန်တော့ လူလေး "

" အဘယ်ကြောင့် စိတ်နဲ့လူနဲ့မကပ်ရော့တာပါ့ဒေါ်ကြီး "

" အလုပ်များနေရော့လို့ စိတ်မဖြောင့်နိုင်ဖြစ်ရော့တာပါ့
လူလေးအပါးစေနေတဲ့ အစောင့်အကြပ်တွေဆိုသည်မှာလည်း လူလေးစကားကလွဲပြီး နားထောင်ကြတာမဟုတ်
ဒါ့ကြောင့် ဒေါ်ကြီးကိုယ်တိုင် ရောက်လာရတော့တာ "

ငြူငြူစူစူလေးပြောဆိုနေပါသည့် ဒေါ်ကြီးကိုကြည့်ပြီး
သူကြီးရာဇတစ်ယောက် ပြုံးလိုက်မိတော့သည်။
သူကြီးဂုဏ်ဒြပ်တို့ကြောင့် နေရာတကာမှာ မာန်နဲ့ဟန်နဲ့နေရပေမယ့် ဒေါ်ကြီးနဲ့ဆို ကလေးငယ်ကလေးလို အမြဲဆက်ဆံရတော့တာ။
ထို့ကဲ့သို့အတိုင်း ဒေါ်ကြီးကလဲ
သူကြီးရာဇကို သူကြီးတစ်ဦးကဲ့သို့ရိုသေလေးစားသင့်တဲ့နေရာမှာ အလိုက်အထိုက်သူကြီးတစ်ဦး၏ဂုဏ်ကို လေးစားစွာပြုမူသော်လည်း
နှစ်ဦးတည်းဆိုလျှင်တော့ သားငယ်နဲ့ မိခင်အတိုင်း
အပြောအဆိုအနေအထိုင် လွတ်လပ်ရပေသိ။
ကလေးအရွယ် မိခင်ဖြစ်သူဆုံးပါးသွားကတည်းက ဒေါ်ကြီးကပင် အမေနေရာကနေပြီး သားငယ်ကလေးကိုမိခင်တဦးမပေးနိုင်ခဲ့တဲ့
မေတ္တာမျိုးတွေနဲ့ပြုစုယုယပေးခဲ့သူပါပင်။
ထို့ပြင်မဟုတ် အဖကလည်း အနားမှာမရှိပေးနိုင်ပဲ ရပ်ရေးရွာရေးအတွက်သာ
အမှုတော်ထမ်းနေခဲ့ရသူမလို့သားသမီးအနား အဘယ်သို့ပူးကပ်ပြုစုယုယနိုင်ပါလိမ့်နှယ်
ဘုရင်မင်းမြတ်အပါးတော်သာ ခစားဝပ်တွနေရသူမို့
အိမ်တော်မှာ ရှိသည့်ကာလတို့ကို
လက်ချိုးရေတွက်ရနိုင်သည့်တည့်
အဖမရှိသည့်အချိန်တို့အတွင်း
ဒေါ်ကြီးကပင် အနီးကပ်ဆုံးပြုစုစောင့်ရှောက်ပေးခဲ့ရသူ
ဖြစ်သည့်အလျှောက်
ဒေါ်ကြီးကိုတော့ ယုံကြည်ရာ၏။
အားကိုးရာ၏ ... ။
မိဘရင်ငွေ့နဲ့ဝေးကွာခဲ့ရသည့် ကျွန်ုပ်၏လစ်ဟာမှုကို ဒေါ်ကြီးကပင်ဖြည့်ဆည်းပေးခဲ့တော့တာ ...
အများတကာရှေ့ လူကြီးတစ်ယောက်ကဲ့သို့ အမြဲတည်ကြည်ခံ့ညားနေရသော်ညား
ဒေါ်ကြီးနဲ့ဆို ဟိတ်ဟန်မရှိပေါ့ပါးလွန်းစွာ ပြောဆိုဆက်ဆံနိုင်ရော့တာမို့ အမြဲစိတ်လက်ပေါ့ပါးခဲ့ရသည်သာ ... ။
ဆိုစေ ဒေါ်ကြီးက ကျွန်ုပ်အပါးရှိနေခဲ့တာ
ကျွန်ုပ်တစ်သက်ဘယ်ကပါပေတော့မလိမ့် ...

ရွှေစိတ်တော် မညှိုးနွမ်းရော့စေ‌ / ‌ရွှေစိတ်တော် မညှိုးနွမ်းရော့စေWhere stories live. Discover now