အပိုင်း ( ၁ ) ( Z+ U )

895 55 10
                                    

စောစောစီးစီးဆိုပေမယ့် ရောင်နီမသမ်းခင်အချိန်
လင်းရိပ်မသဲမကွဲသာရှိနေတဲ့အချိန်မှာတောင်
ခြံဝိုင်းတစ်ခုလုံးမှာ အစေခံတွေကအစ
အကုန်ပျားပန်းခတ်တမျှ အလုပ်ရှုပ်နေကြသည် ။
ရွာကို အခွန်လာတော်လာကောက်ကြမယ့်
ဘုရင့်အမှုထမ်းတွေကို မျက်နှာရစေဖို့အတွက်
သူကြီးတစ်ဖြစ်လဲ အဖက ဧည့်ခံဖို့ အလုပ်ရှုပ်ခြင်းက
ဒါပထမဆုံးအကြိမ်မဟုတ်တာမို့ အထူးအဆန်းတော့မဟုတ်ပေသည် ။
စာကြိုလွှာလည်းပါးထားတာမို့ အဖက စောစွာသောအခါတွေထက်ပိုမိုပြည့်စုံစွာ
စီစဉ်ထားသည့်သဘောပင် ...
အမှုထမ်းတွေက အရှင်မင်းမြတ်ကို
အခွန်တော်လည်း ပုံမှန်ဆက်သကြောင်းအပြင်
ရိုသေစွာဆက်ဆံကြောင်း ပိုပိုသာသာလျှောက်တင်ပေးသည့်အခါ
နတ်ရေကန်ရွာအပြင် သူကြီးဂုဏ်ကလည်း
ဘုရင့်အပါးမှာ ကောင်းသတင်းမွှေးနေစေရန်ဖြစ်သည်။

နတ်ရေကန်ရွာဆိုသည်မှာလည်း တခြားသောရွာကြီးများထက်
သေးငယ်လွန်းလှသည်ဆိုပေမယ့်
ပေါ့တန်တန်ရွာငယ်လေးတော့ မဟုတ်ပါချေ ။
ရှေးယခင်အခါတွေတုန်းက ထန်းပင်ကုန်းရွာဆိုသည်မှာ
ရွာနီးချုပ်စပ်တွေကြားထဲထိတောင် မျက်နှာမဖော်နိုင်လောက်အောင်
သေးငယ်သိမ်နုပ်ခဲ့သည်ဟု အဖပြောခဲ့ဖူးသည် ။
ဘုရင်ကိုယ်တော်မြတ် တောလည်ထွက်ရင်း
ဝင်ရောက်အပန်းဖြေခဲ့ဖူးရာ
ရွာထိပ်ရေကန်ကိုအစွဲပြုပြီး မှည့်တွင်စေခဲ့သောကြောင့် နတ်ရေကန်ရွာတော်ကြီးဟူ၍ဖြစ်တည်သည် ။
ရွာက ဘယ်လောက်မှမကြီးမားသော်လည်း
ဘုရင်မင်းမြတ်ကိုယ်တော်တိုင် ခစားသည့်ရွာမို့
အခွန်ဆိုသည်မှာလည်း တခြားသောရွာများထက် နည်းပါးလွန်းသည်။ ရေကန်မြေကန်ကောင်းသည့်အရပ်မှာ
ရွာတည်ထားသည်မို့လည်း လယ်ယာလုပ်ငန်းမှာ
တစ်နှစ်မှအမြတ်မကျန်သည်မရှိလောက်အောင် စီးပွားဖြစ်ထွန်းသည်။

ရွာမှာနေထိုင်စတည်းချလိုသူတွေသည်လည်း
ဖြစ်ကတည့်ဆန်း နေထိုင်လို့မရ ။
ဘုရင့်အပါးတော်ကို
ကိုယ်တိုင်ကိုယ်ကျလျှောက်တင်ပြီး
နေထိုင်လိုကြောင်း ခိုင်မာတဲ့အထောက်အထားပြလို့ ဘုရင်ကိုယ်တော်မြတ်ကိုယ်တိုင်ခွင့်ပြုမိန့်ချမှ
နေထိုင်ခွင့်ရသည့် အခွင့်ထူးခံရွာငယ်လေးမို့
ရွာနီးချုပ်စပ်မှာသာမက
တိုင်းကျော်ပြည်ကျော်တဲ့ထိ နာမည်ကြီးလှသည် ။

ရွှေစိတ်တော် မညှိုးနွမ်းရော့စေ‌ / ‌ရွှေစိတ်တော် မညှိုးနွမ်းရော့စေWhere stories live. Discover now