အပိုင်း ( ၁၉ ) ( Z + U )

211 12 3
                                    

" အရီးလှမေသာ စဉ်းစားကြည့်ပါရော့
ကျွန်ုပ်အပါးအတူရှိလာခဲ့တဲ့တလျှောက်မယ်
အကိုသူရက ကျွန်ုပ်ပေးခဲ့တဲ့ အရိုးခံမေတ္တာတွေကို
အဘယ်စိတ်နဲ့ခံယူလို့ စွန်းထင်နေခဲ့တယ်မသိပါရော့
ကျွန်ုပ်ကို အကိုသူရအထင်သေးရော့တယ် "

နှုတ်ခမ်းကလေးဆူကာရွဲ့ကာဖြင့်
ချစ်ရေးဆိုခံရသည့်အကြောင်း
မိဘကိုတိုင်တန်းနေပါသည့် သမီးပျိုကလေးနှယ်
ချစ်ဖွယ်ရာရှိလှပါဘိနှယ့် ...
သူကြီးတယောက် မဟာငယ့်အပေါ်အဘယ်ကြောင့်
သည်လောက်အုပ်စိုးကာ ထိန်းချုပ်ထားရသည်ကို
နားမလည်နိုင်ခဲ့ရသည်ပေမယ့်
အကယ်တော့ မဟာငယ့်အလှက ပုထုဇဉ်လူသားတယောက်ကို အသာလေးမေ့မြောသွားနိုင်တဲ့အထိ စွမ်းဆောင်နိုင်သည့်အလှမျိုးပါပေတည့်။
ယောက်ျားပျိုတစ်ဦးအဖြစ်ဖွားမြင်လာခဲ့ရသူကလေးမယ်
ဆုတောင်းကောင်းခဲ့လေသလား
ဆုတောင်းမှားခဲ့လေသလား ကြံဆတွေးတော၍မရနိုင်တော့ပါ။
မိန်းမပျိုကလေးတစ်ဦးအလား လှပဖူးကြွနေသည့်မဟာငယ်က
အမျိုးသမီးခန္ဓာကိုယ်ကလေးမယ် ဝင်ရောက်ဖွားမြင်ခဲ့ပါလျှင် ထိုအလှမျိုးကြောင့် တိုင်းပြည်ပျက်အောင်စစ်ခင်းယူကြရမည်မဟုတ်ပေလား
ထိုကဲ့သို့ အန္တာရာယ်တွေမတွေ့ကြုံရအောင်
မဟာငယ်က ယောက်ျားပျိုတစ်ဦးအဖြစ်
ရောက်ရှိခဲ့ရပေသည့်တိုင်အောင် မဟာငယ့်ကိုမက်မောနေကြသူတို့်ကဒုနဲ့ဒေးပါပင်။
အနှီစင်စစ် ဤကဲ့သို့ကလေးငယ်ကို
မေတ္တာသက်ဝင်ဖို့ရာ အထူးတလည်ကြိုးပမ်းနေဖို့လည်းမလိုအပ်ရာ
ပကတိကြည်စင်မှုကလေးကတောင်တမြတ်တနိုး
ယုယထွေးပွေ့ချင်စရာအတိပြီးပါရော့တယ် ...

" ထိုသို့တော့လည်း မထင်မှားတန်ရာ မဟာငယ် "

" အဘယ် ...
အရီးကပါ အဲ့သည့်လူကြီးဘက်ကပေါ့ ဟုတ်စ "

နဂိုဆူထော်နေသည့်နှုတ်ခမ်းဖျားလေးက အထက်သို့ပိုမိုကော့ညွှတ်တတ်လာကာ
ပန်းသွေးရောင်အသွင်သို့ ပြောင်းလဲရတော့သည်။
ဧကန်စင်စစ် ထိုသို့ချွဲကာနွဲ့ကာလုပ်ပြတတ်သည့် မဟာငယ့်၏ ပကတိစိတ်အလှကို ငယ်စဉ်ကတည်းကတလျှောက်ပတ်လုံး
အမောင်သူရက အတားအဆီးမရှိမြင်တွေ့ခွင့်ရခဲ့သူပေမို့
ဈာန်လျောသွားခဲ့ရပေသည့်နှယ် ...။

ရွှေစိတ်တော် မညှိုးနွမ်းရော့စေ‌ / ‌ရွှေစိတ်တော် မညှိုးနွမ်းရော့စေWhere stories live. Discover now