အပိုင်း ( ၁၂ ) ( Z + U )

123 11 2
                                    

" အဖရေ ကျွန်ုပ်ပြန်ရောက်ပါ့ "

ခြံဝိုင်းအတွင်းတောင် လှည်းကိုမနှင်ရသေးခင်မှာတင်
အဖကိုအော်ဟစ်နေပါသည့်ကလေးငယ်က ပျော်ရွှင်မြူးတူးနေသည့်နှယ် ... ။
ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် တပါးအရပ်ကို အလည်အပတ်သွားရပါသည့် ပျော်ရွှင်မှုတို့ကို
ဖုံးဖိမထားနိုင်လောက်အောင် မြူးတူးရွှင်ပြနေသည် ။
ဟန်ဆောင်မှုကင်းမဲ့လို့ အရာရာဟာ စိတ်ထဲကအတိုင်း
အဟုတ်အမှန်ထုတ်ပြဖော်ပြပေးတတ်တဲ့မဟာမောင့်မှာ
လောဘ ဒေါသ မောဟ ဘာဆိုဘာမှမမြင်ရလောက်အောင်
ကင်းစင်နေတော့တာမို့ ကြည်လင်တောက်ပမှုတို့ကလည်း အဲ့ဒီ့မျက်နှာ ဖြူလှလှပေါ်မယ် အတိုင်းသားထင်ဟပ်နေတော့သည်။
မဟာမောင်သာ မိန်းမပျိုလေးဖြစ်ရင်
တိုင်းသိပြည်သိ ဘယ်လောက်တောင်မျှ ထင်ပေါ်နေလောက်မလဲမသိနိုင်ရသလို
အခန့်သင့်ခဲ့ပါလျှင်လည်း ဘုရင့်အပါးတော်ကောက်ခံရလောက်မည့်
အချင်းရော အဆင်းပါ ပြည့်စုံလွန်းလှသည့် နန်းထိုက်သည့်အမျိုးပါပေ။

" လူလေး ပြန်ရောက်ပကော
အဖက ရွာကလူတွေနဲ့မှ
အတူပြန်လာမယ်ထင်ရော့တာ "

" တပါးအရပ်ကပွဲတော်တွေကို ရောက်ဖူးချင်ရုံပါ့ အဖရ
ကိုယ့်အရပ်ကပွဲတော်ကိုလည်း လျစ်လျူမရှုသင့်တန်ရာ
ဒါကြောင့် ကျွန်ုပ်က ခရီးတထောက်နားတောင်မနားပဲ ကြာမြောပွဲအမှီပြန်လာရော့တာ "

" လူလေးအမှီပြန်လာရော့တာဆို လူလေးသူရလည်း လှည်းကို မနားပဲနှင်လာရတော့မှာပါ့
လူလေးကတော့ ဆိုးပေရော့တယ်
လူလေးသူရရေ အဖအားနာရော့ "

" မဟုတ်ပါ့ အဖသူကြီး
ကျွန်ုပ်အတွက်တော့ အားနာစိတ်မဖြစ်စေလိုရော့
ကျွန်ုပ်က တိုက်ပွဲရှိရင်တောင် သီတင်းပတ်လေးငါးပတ်လောက်မနားပဲ တိုက်ပွဲဝင်ရတာမလို့ ဒီလောက်ကမပန်းရော့တာ "

" အဖကလည်း အဖသားကျွန်ုပ်က ကိုယ့်ရေကိုယ့်မြေက ပွဲတော်ကို အလွတ်မခံနိုင်ရော့လို့
ဒုန်းစိုင်းနှင်လာရော့တာကို အဘယ်ကြောင့်အပြစ်တင်စကားဆိုရော့တာပါ့
အကယ်ဆို အကိုသူရချည်း ပင်ပန်းနိုင်ရော့တာမဟုတ် ကျွန်ုပ်လည်းနွမ်းလျနေရော့တာ "

ရွှေစိတ်တော် မညှိုးနွမ်းရော့စေ‌ / ‌ရွှေစိတ်တော် မညှိုးနွမ်းရော့စေWhere stories live. Discover now