အပိုင်း ( ၁၅ ) ( Z + U )

107 11 0
                                    

" မဟာငယ် ဖြေးဖြေး "

အနောက်ကနေ ဟစ်အော်နေပါသည့် အမမနောအသံသည်တောင် တဖြေးဖြေးဝေးကွာလာသည်အထိကို အလျင်ပြေးလာရမိတော့သည်။
အကိုသူရဝတ်ရုံကို တင်းကြပ်နေအောင်ထွေးပိုက်ကာ
အကိုသူရရှိမယ့်အရပ်ကိုပြေးမိတော့
မျက်ရည်တွေက ကျလုမတတ် ...
ဝတ်ရုံဆီက သင်းပျံ့ပျံမွှေးနေသည့် အကိုသူရ၏ ကိုယ်သင်းရနံ့သည် နူးညံစွာ နှာဖျားတလျှောက် ဝင်ရောက်လာမိတော့ ဝဲရစ်နေပါသည့် မျက်ရည်တို့ကို
ထိန်းမရတော့ပါ ...

" ကျွန်ုပ်ကြောင့် ကျွန်ုပ်ကြောင့် ...
အကိုသူရ ဒီလိုဖြစ်ရတာ "

ကိုယ့်ဘာသာကိုယ် အပြစ်တင်စိတ်တွေက နှလုံးအိမ်တစ်ခုလုံး ကြီးစိုးနေတော့တာမို့
အသက်ရှုရသည်တောင် ကြပ်တည်းလာရတော့သည်။
ခြေထောက်က စူးအောင့်သည့်ခံစားချက်တို့
ခံစားနေရသည်ကိုတောင် အပြေးမပျက်ခဲ့ပါ ...
ဝတ်ဆင်လာပါသည့် ခြေနင်းသည်လည်း ဘယ်အရပ်မှာ ကျကျန်ခဲ့ပါသလဲမသိ ပြန်လည်းမရှာချင်တော့တာမို့
ခြေဗလာနဲ့သာ ဆက်၍ပြေးလွှားနေမိရတော့သည်။
မြေကြမ်းကြမ်းကို သည်လောက်အားနဲ့ မဆိုထားနှင့်
ရိုးရိုးမြေသားလမ်းတောင် ခြေဗလာနဲ့ ခပ်ကြမ်းကြမ်းလျှောက်မိပါရင် သွေးခြေဥတတ်တဲ့
နူးနူးညံ့ညံ့ကလေးမို့ အဖကစိုးထိတ်လွန်းစွာ အိမ်တော်တွင်းမှာတောင် ခြေနင်းစီးစေခဲ့သည်မဟုတ်ပါလား ... ။
အခုပုံစံကို အဖမြင်ရင်ရင်ကျိုးရလောက်ပါဘိ ...
ခုတော့ အဲ့တာတွေထက် အကိုသူရကသာ အရေးကြီးပါသည်။
လမ်းမအလယ်မှာ တယောက်တည်း သွေးအိုင်ထဲလျောင်းနေမယ့်အကိုသူရကို အတွေးထဲပုံဖော်ကြည့်မိရုံကလေးနဲ့တင်
ထိတ်လန့်တကြားရှိရသည်။

အကိုသူရအတွက် ကျွန်ုပ်ရှိဖို့လိုအပ်သည် ...
ကျွန်ုပ်ကြောင့် ဒီလိုဖြစ်ရတာ
ဟုတ်ရော့တယ် ... အကိုသူရအနားကျွန်ုပ်ရှိရရော့မယ် ...

အကိုသူရကိုအရှေ့မှာ ဝေဝေဝါးဝါးကလေးတွေ့လာရတာမို့ စိတ်တွေကပိုပြီးမြန်ဆန်လာရတော့သည်။
အလျင်ကလေးပြေးလိုက်မိပြန်တော့
မှောင်မဲမဲလမ်းမပေါ်မှာရှိတဲ့ သစ်သားတန်းကို မျက်စိတို့က မမြင်တော့သည်အထိ အကိုသူရဆီရောက်ဖို့ကိုသာ ဇောဖြစ်နေမိတော့သည်။

ရွှေစိတ်တော် မညှိုးနွမ်းရော့စေ‌ / ‌ရွှေစိတ်တော် မညှိုးနွမ်းရော့စေWhere stories live. Discover now