အပိုင်း ( ၂၂ ) ( Z + U )

37 4 6
                                    

Unicode

ဝေးစစတူရှုနေရာကလေးဆီမှ ရင်းနှီးကျွမ်းဝင်နေပါသည့် ခန္ဓာကလေးတခုသည် ဒရောသောပါးပြေးလာလိုက်ပုံများ
ချော်လဲလုရော့မတတ်။
ငိုမဲ့မဲ့မျက်နှာကလေးပေါ်က ပြုံးစစမျက်နှာပေးကလေးသည်မှာ ပဟေဋ္ဌိဆန်လွန်းစွာ အဓိပ္ပာယ်ကိန်းအောင်းရှိရာတည့်
ကျွန်ုပ်သူရထွဋ်ခေါင်မှာ ညီငယ့်စိတ်ရင်းကို အတိုင်းအဆမရှိမှန်းမြော်တွေ့မြင်မိပါအံ့လေ ... ။

" အကိုသူရ ...... "

အနားရောက်မှ ပျံလွင့် လာသည့် ထို တရော်ကင်ပွန်းနံ့လေးသည်လည်း ယခင်ကလိုစိတ်ကိုကြည်လင်လန်းဆန်းရစေမြဲ
သို့အတိုင်း ကျွန်ုပ်မြတ်နိုးရသူကလေးမှာလည်း ယခင်လေးအတိုင်း ရှုစိတ်ကာ နှစ်လိုမြဲပါလေ ။
ဝဲတတ်နေပါသည့် မျက်ခမ်းစပ်မှ မျက်ရေစကလေးတောင်ကြည်လင် တောက်ပနေသကဲ့သို့ ပြုံးရွှင်နေပါသည့် ညီငယ့်မျက်နှာလေးမှာ ဝင်းလက်ကြည်စင် မြတ်နိုးဖွယ်ရာတည့် ။

" အကိုသူရကို လွမ်းမောနေရရော့လား ညီငယ် "

" မကောင်းတဲ့လူကြီး ဘယ်လို သတ္တိမျိုးတွေ ပေါက်ဖွားရှင်သန်လာလို့ ကျွန်ုပ်ကို မပြောမဆိုပဲ ပျောက်ကွယ်သွားရက်နိုင်ပါ့လေ စိတ်တော် ညှိုးနွမ်းရော့ရပါလေ "

ရင်ဘတ်တစ်ခုလုံး ‌အုန်းအော်သောင်းနင်း ဖြစ်သွားမတတ် ငိုလုဆဲဆဲ မျက်နှာလေးဖြင့်
ကျွန်ုပ်ရင်ဘတ်အပေါ် ဆင့်၍ဆင့်ကာ ထုရိုက်နေပါသည့် လက်သီးဆုပ်ကလေးသည်လည်း နူးညံ့လွန်းလှသည် ။
ညီငယ်သည် အမှန်တကယ်ပင် ယောက်ျားပျိုကလေး ဟုတ်ပါရဲ့လားဟူ၍တောင် အမေးရှိလိုက်ချင်ပေရော့လွန်းသည် ။ ဆင်စွယ်ကလေးဖြင့် တယုတယ ထွင်းထုထားပါသည့် သက်ရှိပန်းပုရုပ်ကလေးလို ၊ ဝင်းဝါနေပါသည့် အဖိုးထိုက်ရွှေသားကလေးဖြင့် ကာလကြာရှည်ကာ ပုံသွင်းပြုလုပ်ထားပါသော အဖိုးထိုက်ရတနာကလေးလို ၊ ရတနာကိုးသွယ် အပြင် ဆယ်ပါးမြောက်ရတနာကလေးအဖြစ်ထည့်သွင်း၍ သတ်မှတ်ထားနိုင်လောက်ရလောက်သည်အထိ
ထိုမျှလောက်ပင် ညီ့ငယ့်၏ အလုံးစုံသည်
ရှုတိုင်းယဥ်ကာ နှစ်မြို့ဖွယ်ရာတည့် ။

" အကိုသူရကို ထိုမျှလောက် လွမ်းရော့တာ ဟုတ်စ ညီငယ် "

" မုသားစကား ဆိုရော့သည်ထင်ပါရော့လေ အကိုသူရ
မယုံကြည်က မယုံကြည်သလို ‌သမုတ်ပါရော့လေ
ကျွန်ုပ်စိတ်ရင်း ကိုယ်တိုင်သိမြင်ရော့တာမို့ "

ရွှေစိတ်တော် မညှိုးနွမ်းရော့စေ‌ / ‌ရွှေစိတ်တော် မညှိုးနွမ်းရော့စေDonde viven las historias. Descúbrelo ahora