- စတင်မိတ်ဆက်ခြင်း - ( Z+ U )

2.5K 104 7
                                    

Zawgyi

" ညီငယ် ... "

" အကိုသူရ ... "

" အကို့ကို ချစ်တယ်မဟုတ်စ "

" အကိုသူရကိုပြောနေကြအတိုင်း
ချစ်သည်ထက်ပိုပါလေစ "

" ဒါဆို အကိုသူရကိုယုံတယ်မလား ? "

" နှုတ်ကဆိုသမျှ ကျွန်ုပ်က အကြွင်းမဲ့ မျက်စိမှိတ်ကာခေါင်းညိမ့်ရဲရော့တယ် "

" ချစ်မြတ်နိုးရော့တယ် ညီငယ် "

တင်းကြပ်နေအောင် ပွေ့ဖက်ထားပါသည့်လက်တို့သည်
တုန်ယင်နေသည်မှာ အေးစက်စက်နဲ့ပင်။
နဖူးဖျားကိုနမ်းလိုက် လက်ဖဝါးထက်ကို
ခပ်ဖွဖွဖိနမ်းလိုက်ဖြင့် ရှုပ်နေသူကို
မတားရက်ပဲ အလိုက်သင့်သာ နေပေးလိုက်တော့သည်။
ဘယ်အချိန်မှန်းမသိမယ့်အချိန်မှ ပြန်တွေ့ကြရမယ်မှန်းမသိရတာမို့ နောက်ဆုံးမဟုတ်သည့်တိုင်အောင်
မဝေးကွာခင်တစ်ခဏအတွက် လက်ဆောင်ပဏ္ဍာပင် ထည့်ပေးလိုက်စေလိုခြင်းလည်း ဖြစ်ကောင်းဖြစ်တန်ရာ၏
ဆုံးရှုံးလိုက်ရဖို့တောင် မတွေးထားမိတဲ့ ထိုလူသားကို
တစ်ခဏတာလောက်ပဲဖြစ်ဖြစ် လက်လွှတ်လိုက်ရမည်ဟူသည့် အတွေးတို့သည် ကျိန်စာဆိုးကြီးသဖွယ်ပင် ...
အေးစက်စက်လေတို့၏ ပြင်းထန်စွာ တိုက်ခတ်မှုတွေကြားထဲတွင်မှ ပါးပြင်နှစ်ခုကို အသာအယာထိကပ်ချိန်တွင်တောင် နွေးလှပါသောမျက်ရည်စတို့သည်လည်း အဆတ်မပြတ်အငြိုးကြီးစွာ ကျနေသည့်နှယ် ...

" ဒီဘဝမှာ အဘယ်နည်းနဲ့မှ အကျွန်ုပ်တို့
နီးစပ်နိုင်ခွင့်မရှိတော့ရင်တောင်
ဖြစ်လေရာဘဝဆက်တိုင်းမှာ ညီငယ့်ကို ချစ်ခွင့်ရတဲ့သူ
အကိုသူရသာလျှင်ဖြစ်ခွင့်ရလိုပါစေရော့ "

ချစ်ခြင်းမေတ္တာသည် ကြမ်းတမ်းလှသော နှလုံးသားတို့ကိုလည်း နူးညံ့စေနိုင်သလို
ထိုချစ်ခြင်းမေတ္တာကြောင့်ပဲ တချို့သောသူတို့က
ရက်စက်တတ်လာကြသည်ပင်။

ဒါဟာ ချစ်ရသူနဲ့ အတူရှိမယ့် နောက်ဆုံးအကြိမ်သာဖြစ်ခဲ့ပါလျှင်
ဆိုပြီးအတွေးတို့ကနှောင့်ယှက်နေပြန်သည်။
မမှီသော သူ့ပါးပြင်တို့အား ခြေဖျားထောက်ပြီး
အားရပါးရ မွှေးကြူနမ်းတော့ မသိမသာအပြုံးတစ်ပွင့်သာပွင့်လန်းပါလေသည်။

ရွှေစိတ်တော် မညှိုးနွမ်းရော့စေ‌ / ‌ရွှေစိတ်တော် မညှိုးနွမ်းရော့စေOù les histoires vivent. Découvrez maintenant