" အဖ ခွင့်မပြုလိုဘူး လူလေး "
မနက်က အကိုရာဇတစ်ယောက်မပြန်ခင်
အဖဆီ ရွှေပြည်တောင်ရွာဘုရားပွဲကို လာစေဖို့
ခွင့်ကူတောင်းပေးခဲ့တာကို အဖက
လက်ခံလိုက်ပြီး အကိုရာဇပြန်သွားတော့
မသွားရဘူးလို့ ငြင်းနေခြင်းသာ။
စိတ်ကိုတစ်ထစ်ချပြီး သွားကိုသွားရမယ်ဆိုသည့်အပျော်တွေက
ဘယ်ကဘယ်လိုပျောက်ကုန်မှန်းပင်မသိရတော့ပါ။
အဖရဲ့ စိတ်ကိုတော့ တကယ်ကိုနားမလည်နိုင်အောင်ပင်ဖြစ်ရသည် ။" အာ အဖကတော့ ထုံးစံအတိုင်းလုပ်ပြီ "
" အဖလည်း လူလေးကို စိတ်ချလက်ချလွှတ်ပေးလိုက်ချင်ပေမယ့်
အဖမှာ ဒီသားလေးတစ်ယောက်ရှိတာ
စိတ်မချဖြစ်ရပါရော့ "" စိတ်မချရအောင် ကျွန်ုပ်ကနို့စို့အရွယ်ကလေးငယ်
မဟုတ်တော့ပါလေရော့
ပြီးတော့ အဖကိုယ်တိုင် လွှတ်လိုက်ပါမယ်လို့
ကတိကဝတ်ပေးလိုက်ပါလျက်နဲ့
မရောက်သွားခဲ့ရင် အဖရဲ့ သီလသမာဓိသိက္ခာဂုဏ်တွေအကုန်
ရေစုန်မျောလိုက်သလိုဖြစ်သွားမရော့ ဟုတ်စ "" ဟင့်အင်း အဖရဲ့ ဂုဏ်တွေ သိက္ခာပုဒ်တွေထက်
အဖသား လူလေးကို အဖကပိုတန်ဖိုးထားရော့တယ်
အပြင်လောကမှာ အန္တရာယ်တွေက များလွန်းပါဘိနဲ့ "" အဖ အဲ့လိုစိတ်မချတာနဲ့
ဒေသန္တရ ဗဟုသုတအရေး ပေါင်းသင်းဆက်ဆံရေးတွေမှာ တပန်းရှုံးရပါရော့
အမှုတော်ထမ်းတဲ့အခါ လူအများပြောရင်
ကျွန်ုပ်က နှုတ်ပိတ်နေရမည့်အဖြစ်မျိုးကို အဖမြင်လိုရော့သလား "" လူလေး ဂျီမတိုက်စမ်းနဲ့
အဖကိုယ်တိုင်လိုက်ပို့မယ်ပြောတာပဲ
သည်းခံပေးသင့်ပါစ "" အဖလိုက်ပို့မယ်ဆိုပြီး ပြောတာ
ယမန်နှစ်များ ကတည်းကပါ့
အနားနီးရင် အဖကမအားဘူးဆိုပြီး အကြောင်းပြနေရော့တာ စိတ်ပင်ပန်းရရော့တယ် "" အို မသိဘူး
အဖစိတ်မချလို့ လူလေးလည်းမသွားရဘူး
ဒါအဖအမိန့်ပဲ "" အဖက ကျွန်ုပ်ကို မိန်းမပျိုတစ်ယောက်လိုဆက်ဆံနေတာကို
မုန်းရတယ် ... အကျွန်ုပ်က အမျိုးကောင်းသားတစ်ယောက်ဖြစ်ပါလျှက်နဲ့
အရာရာမှာ အမှီအတွယ်တွေနဲ့ မျက်စိဒေါက်ထောက်
ထိန်းသိမ်းခံရတာလည်းမကြိုက်ရော့
သာမာန်ယောက်ျားတွေလို လွတ်လပ်ချင်ပါ့ "
CZYTASZ
Romansအတိတ်က သိပ်ချစ်ခဲ့ကြတဲ့ချစ်သူနှစ်ဦးဟာ အခုဘဝအထိ သစ္စာကတိတွေ ခိုင်မြဲနေကြသတဲ့လား ... # ဤဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများသည် သမိုင်းနောက်ခံများနှင့် မှီငြမ်းကိုးကားထားခြင်းဖြင့် မသက်ဆိုင်ပဲ စာရေးသူ၏ စိတ်ကူးသပ်သပ်မျှသာဖြစ်ပါသည်။ Unicode အတိတ်က...