Chapter 21

1.4K 274 45
                                    

Unicode *

မုတ်သုံရာသီအစပျိုးချိန်ပေမို့
လေအေးနုနုတို့က ကလူ၏သို့ မြှူ၏သို့နှယ်
ကျီစယ်နေသည်။
ပင်လယ်ပြာသို့ရှေးရှုဦးတည်နေသော
လမ်းကျဥ်းလေး၏ တစ်ဖက်တစ်ချက်ရှိ
အဝါရောင်ပန်းရိုင်းငယ်တို့က ယိမ်းနွဲ့ကခုန်
နေ၏။

သို့တစေ သာယာနေသောရှုခင်းသည်လည်း
ရင်ထဲမှ သောကမီးအား မညှိမ်းနိုင်စွမ်းသာ။
လက်ထဲမှ ဖွင့်လက်စ စာအိတ်အညိုဖျော့ဖျော့အား တစ်ဖန်ပြန်၍ကြည့်မိပြန်သည်။
အတွယ်အတာငယ်၏ မူရင်း အမျိုးအနွယ်အမှန် က မိမိအား အရုပ်ကြိုးပျက်ဖြစ်စေသည်။

မစ္စကင်၏ နောက်ဆုံးပို့လိုက်သော စာအရ
ဆိုလျှင် တော်ဝင်သွေးပါနေသော ကူးအား
အလျင်အမြန်လာစေချင်ပုံပေါ်၏။
မိမိက ငေါက်တလှည့် ချော့တလှည့်နှင့်
ပျိုးထောင်ခဲ့သော ပန်းငယ်လေးသည်
တောရိိုင်းပန်းမဟုတ် ။
တော်ဝင်ပန်းမျိုးနွယ်ပင်။

လေးလံသောသက်ပြင်းရှည်အနောက်သို့
သောကအပူများလွင့်စင်သွားပါစေဟုသာ
အဖန်တလဲလဲဆုတောင်းမိနေသည်။
ဝေးဝေးကိုနှင်လိုပေမယ့် အမှန်တကယ်
ဖြတ်တောက်ရမည့်သံယောဇဥ်ကြိုးအကြောင်းစဥ်းစားမိလျှင်ပင်
နှလုံးသားမှ တဆစ်ဆစ်ကိုက်ခဲလာ၏။

" အဆင်ပြေရဲ့လား အဲလက်စ် "

ပခုံးတစ်ဖက်သို့ အသာလှမ်းပုတ်၍
စိုးရိမ်တကြီးမေးသော အိုင်းရင်းကြောင့်
အရုပ်ကြိုးပျက်ဖြစ်နေသော ခန္ဓာကိုယ်ကို
ပြန်ထိန်းလိုက်ရသည်။

" ဂျက်စတင်ကို အင်္ဂလန်ပို့မယ့် ကိစ္စ နောက်ဆုတ်ရမယ်ထင်တယ် အိုင်းရင်း "

မျက်တောင်ရှည်တို့ကို ခပ်မြန်မြန်လှုပ်ရှား
လိုက်သော အိုင်းရင်းကအတော်လေး
အံ့သြစိတ်လှုပ်ရှားနေဟန်တူ၏။

" အဲလက်စ် ဆုံးဖြတ်ချက်မှန်တယ်လို့အိုင်းရင်းယူဆပါတယ် "

အိုင်းရင်းက သိလိုစိတ်တို့ကို မြိုသိပ်ရင်း အပြုံးနုနုတစ်ပွင့်နှင့်စကားဆိုလာသည်။
ကျောခိုင်းသွားသော အိုင်းရင်းက မည်သည့်
မေးခွန်းမျှမမေးဘဲ မိမိအား အကူအညီပေးခဲ့
၏။

LOVE IS YOUR NAMEWhere stories live. Discover now