Chapter 13

1.8K 362 37
                                    

*Unicode

ပြာလဲ့လဲ့ကောင်းကင်ကျယ်သည် နွေဦး၏
ဂုဏ်ကို မြှင့်တင်ပေးနေသည်။
ငှက်ကျားတို့၏ တေးသံသာများကလည်း
ခရေးရွာတစ်ခွင် ပျံ့နှံ့လေ၏။
သာယာဖွယ်မြေဝါလမ်းကျဉ်းလေး၌
သုံးယောက်သောသူတို့သည် အတွေးကိုယ်စီနှင့်
နှုတ်ဆိတ်နေကြသည်။

“ဗန် မင်းတကယ်အဆင်ပြေရဲ့လား ”

အနောက်မှငြိမ်သက်စွာလိုက်ပါလာသော
ဗန့်ကို သေချာအောင်ထပ်မေးလိုက်ရသည်။
အောက်နှုတ်ခမ်းကိုခပ်ဖွဖွကိုက်၍ ပြုံးပြလာသည့် ဗန့်ကြောင့် သက်ပြင်းအသာချရပါ၏။

“ဘာလို့ သက်ပြင်းချတာလဲ ဂျီဂျီ ခေါင်းမူးလို့လား ”

မိမိ၏ကိုယ်စောင့်နတ်တာဝန်ကိုအငှားယူထမ်းရွက်နေသလားပင်ထင်မှတ်ရသည့်
ငဂျစ်လေး၏အမေးကို ခေါင်းယမ်း၍သာ
တုံ့ပြန်ရသည်။
ဆိုင်တံခါးဝရှိသစ်ခွမျိုးနွယ်တစ်ချို့မှရသော
ရနံ့တစ်ချို့ကြောင့် ဗန်ကခပ်ရေးရေးပြုံးသည်။

“အကြိုက်မပြောင်းသေးဘူးပဲ”

တစ်ကိုယ်တည်းရေရွတ်နေသောဗန့်စကားသည်
ဆိုင်တံခါးဝမှ ဆည်းလည်းသံတချွင်ချွင်ကြား
ပျောက်ကွက်သွား၏။

“ဒီဆိုင်က ဂျီဂျီ ဟိုတစ်နေ့ကကူးကိုမခေါ်ဘဲတစ်ယောက်ထဲသွားတဲ့ဆိုင်မလား ”

အင်္ကျီအဖျားကိုအသာဆွဲ၍ အသံတိုးတိုးနှင့်
ပြောလာသောကူးခေါင်းရှိဆံနွယ်တို့ကိုအသာဖွလိုက်သည်။

“အဲလက်စ်တို့တောင်ရောက်နေပြီလား”

ဖက်ဖူးစိမ်းရောင်ဂါဝန်နှင့် အိုင်းရင်းက
သုံးယောက်လုံးကို သေချာကြည့်၍ ဖော်ရွေစွာပင်နှုတ်ဆက်လာသည်။

“ဒါဆိုင်ဖွင့်ပွဲအတွက်လက်ဆောင်ပါ ”

ယမန်နေ့က ပြုလုပ်လာသော ပန်းအိုးငယ်ကို
အိုင်းရင်းထံကမ်းပေးရင်းဗန့်ကိုတစ်ချက်လှမ်းကြည့်ရသေးသည်။
ထင်ထားသည်နှင့်ခြားနားစွာ ဗန်နှင့်အိုင်းရင်းနှစ်ဦးလုံးသည် တည်ငြိမ်လွန်းစွာပင်
မိတ်ဆွေရင်းပမာနှုတ်ဆက်နေ၏။

“ဒါကဂျက်စတင်လား သူတောင်အရွယ်ရောက်နေပြီပဲ ”

အိုင်းရင်းကဂျက်စတင်ကိုကြည့်ကာ
အံ့ဩတကြီးရေရွတ်ရင်းပြုံးနေသည်။
ကူးကတော​့မည်သူမည်ဝါရယ်မမှတ်မိသေးဘူးထင်ရဲ့ ။ ဝိုင်းစက်စက်သမင်မျက်ဝန်းနက်များက
ဟိုရွေ့သည်ရွေ့နှင့် နားမလည်စွာကြည့်နေ၏။

LOVE IS YOUR NAMEOpowieści tętniące życiem. Odkryj je teraz