Chapter 7

2.1K 415 42
                                    

Unicode *

နှလုံးသွေးများပင်ရပ်တန့်မည်မတတ်အေးခဲသည့်ဟေမန်ဆောင်းသည် နှင်းမိုးတို့ကိုအညှိုးကြီးစွာ ရွာစေ၍ အပြစ်ပေးပြန်သည်။
ပြတင်းပေါက်မှန်မှ အပြင်ဘက်ရှိ နှင်းဝသုန် ဥတုကို ကြည့်ပြီး စိတ်ပူပန်မိရ၏။
တွေးယူသည့် စိတ်သောကတို့အလျင်သည်
နှင်းမိုးတွေတရစက်ကျနေမည့် အုတ်ကြွပ်နှီခေါင်မိုးပေါက်လေးထံသို့ စုပြုံနေသည်။

တဂျီးဂျီးလည်နေသော အိုးထိန်းစက် ထံမှ
လက်တစ်စုံ၏ဟန်ချက်မညီမှုကြောင့် ရွှံစေးတို့ကပုံပျက်သွားရ၏။
ရွှံစေးညိုတို့ထံသို့ တစ်ဖန်စိတ်နှစ်၍ ပုံသွင်းလိုက်လေသော်လည်း အိုးသဏ္ဌာန် မှာ ရေးရေးမျှပင်မပေါ်တော့ပေ။

“ကဲပါ အဲလက်စ်ရယ် မင်းဂျက်စတင်ကိုစိတ်ပူနေတာမလား အိမ်ပြန်လိုက်တော့လေ ရော့မိုးကာလည်းယူသွား ကျန်တဲ့အိုးနက်ဖြန်မှသာဆက်လုပ်တော့ ”

“ကျေးဇူးပါ ဂျော်ဂျီ မနက်ဖြန်ကျ ကျွန်တော်ညဆိုင်းဆင်းပြီး လုပ်ပေးပါမယ် ”

အိုးလုပ်ငန်းပိုင်ရှင် တစ်ဖြစ်လဲ ဂျော်ဂျီ ၏စကားသံဆုံးသည်နှင့်ပင် အလျင်အမြန်ထကာ မနက်ဖြန်ဟူသည့် အနာဂတ်ကို ကတိပေးလိုက်သည်။
လက်တွင်ပေကျံနေသည့် ညိုညစ်ညစ် ရွှံစက်တို့ကိ​ု ရေအေးအေးနှင့် ဆေးရသဖြင့် လက်ပင်ခဲလုမတတ်ခံစားရသည်။
ဂျော်ဂျီ၏ မိုးကာဖြူပါးကို အပေါ်မှ အလျင်အမြန်ဝတ်ပြီး နှင်းမိုးထုထဲသို့
အလောသုံးဆယ်ပြေးမိ၏။
အတွယ်အတာကလေး စိုးရွံ့နေမည်မဟုတ်လား။

ရေနံမီးအိမ်မှုန်ပြပြသည်ပင် မထွန်းလင်းဘဲ
ပိန်းပိတ်မှောင်နေသည့် အိမ်ငယ်ကိုနှင်းမှုန်ကြားမှ မသဲမကွဲ လှမ်း မြင်နေရသည်။
မှုန်မှုန်ဝါးဝါး ပတ်ဝန်းကျင်ကို ဂရုမပြုစွာ
ခပ်မြန်မြန်ပြေးမိခြင်းသည် နှင်းထုလွှမ်းနေသော
ကျောက်တုံး၏ ထောက်ချောက်မိသွားရတော့၏။
အေးကျင်နေသည့်ဒူးခေါင်းနေရာမှ နွေးခနဲဖြစ်သွားသည်ကို လျစ်လျူရှု၍ အိမ်အတွင်းသို့
ကသောကမျော ဝင်လိုက်ရသည်။

“ကူး ကူး ရေ ”

ကူး အမည်နာမအား တဖွဖွမြည်တမ်းလျက်
ရေနံမီးအိမ်ရှိရာသို့ ဖြည်းညင်းစွာသွား၍
မီးညှိကာ ထွန်းလိုက်သည်။
ပကတိငြိမ်သက်နေသော အိမ်ငယ်သည်
အမှောင်ယံနှင့် ကျင့်သားရနေဟန်တူ၏။
ဒီဂရီမြင့်လာသော စိုးရိမ်ရေမှတ်သည်
အပြင်ဘက်မှ သည်းထန်နေသော နှင်းမိုးနှင့်
အပြိုင် မြင့်တက်လာသည်။

LOVE IS YOUR NAMEحيث تعيش القصص. اكتشف الآن