Chapter 14

1.9K 371 65
                                    

Unicode *

တရွေ့ရွေ့ကျဆင်းနေသော သူရိန်နေမင်းသည်
သမုဒ္ဒရာအတွင်းသို့ ခိုအောင်းသွား၏။
ယိမ်းနွဲ့နေသော လာဗင်ဒါတို့သည်
အချင်းချင်းပွတ်သပ်ကျီစယ်ရင်းမှ သံစဉ်အချို့ကို
ထွက်ပေါ်စေသည်။
စကားလုံးတို့ပျောက်ဆုံးနေသော ညနေခင်း
သည် ရင်းနှီးနွေးထွေးသယောင်ယောင်ပင်။

“ ပြန်ကြရအောင် ”

တစ်ခွန်းတပဒမျှမဆိုသည့် အတွယ်အတာငယ်၏ နှုတ်မှ စပြောသည့်စကားသံက
စိမ်းသက်ခြင်းအလျဉ်းမရှိ။
တရ​ွေ့ရွေ့ထွက်ခွာနေသည့် ငဂျစ်လေး၏ လက်ဖဝါးကျယ်ကို လှမ်းဆုပ်ကိုင်လိုက်သည်။
လက်ချောင်းသွယ်ချင်းယှက်နွှယ်လာသဖြင့်
သူပြုံးမိ၏။
အတွယ်အတာငယ်လည်း ပြုံးပါ၏။

ထို့သို့ထိုနှယ်နှင့် ထိုပြဿနာသည် ဤတွင်
တစ်ခန်းရပ်ခဲ့သည်။
ဗန်ကလည်း ပြဿနာအရင်းအမြစ်ကို
သိရန်မကြိုးပမ်း ။
မိမိကလည်း စာအိတ်ပန်းရောင်ငယ်ကို
အတွေးထဲမှ မောင်းထုတ်ထား၏။

“အဲလက်စ် ”

မျက်နှာရှေ့ဝေ့ယမ်းနေသော အသားမာတက်နေသည့်ခပ်ကြမ်းကြမ်းလက်တစ်စုံကြောင့်
အတွေးတို့က လက်ရှိအခြေအနေသို့လွန့်လူးလာရသည်။

“ဘာတွေများအတွေးလွန်နေသလဲ အဲလက်စ်ရယ် ”

“ဒါနဲ့မစ္စတာဂရင်းက ဘာကိစ္စရှိလို့လဲ ”

အိုးထိန်းစက်မှလွင့်စင်လာသောရွှံ့ဖြူဖြူတို့ပေကျန်နေသည့်ခါးစည်းဝတ်ကိုတစ်နေရာသို့လှမ်းရင်း ဂျော်ဂျီ ထံစကားပြန်လိုက်သည်။

“ကလေးတွေအကြောင်းပြောချင်လို့ပါ ”

“ကလေးတွေ ”

ဂျော်ဂျီ၏စကားသံအဆုံးခပ်တိုးတိုးသံယောင်လိုက်မိ၏။
အနည်းငယ်တော့စိုးထိတ်မိသည်။

“မနေ့က ဆူဆန်အခန်းထဲ ဝင်တော့ ဒီစာလေးတွေ့တယ် ”

ဝါဖျော့ဖျော့စာရွက်ခေါက်လေးသည်
ကြိမ်ဖန်များစွာဖတ်ကြည့်ထား၍ အတော်ပင်နွမ်းနေ၏။
စာရွက်ခေါက်လေးကို ဂျော်ဂျီထံမှ လှမ်းယူရင်း
စိတ်အာရုံကိုတည်ငြိမ်စေရန်မနည်းကြိုးပမ်းနေရသည်။

LOVE IS YOUR NAMEWhere stories live. Discover now