Chapter 16

1.9K 343 31
                                    

*Unicode

နှာဖျားဝတွင် ကျီစယ်လာသော သစ်ခွရနံ့သင်းသင်းကြောင့် လေးလံနေသောစိတ်သည်
အနည်းငယ်ပေါ့ပါးသွားရ၏။
ဖွင့်စရက်ကနှင့်မတူဘဲ ဆိုင်ငယ်လေးသည်
အတော်ပင်ဆိတ်ငြိမ်နေသည်။

ချိစ်ကိတ်ဝါနုနုကိုခက်ရင်းနှင့်ဖဲ့ရင်း
ဆိုင်နံရံရှိ ပန်းချီကားတစ်ချို့ကိုသာ
ကြည့်နေလိုက်သည်။
သံလိုက်အိမ်မြှောင်၏ တချက်ချက်မြည်သံနှင့်
ဆိုင်တံခါးဝရှိဆည်းလည်းသံက ဤဆိုင်၏
မူပိုင်တေးသွားသဖွယ်ဖြစ်နေ၏။

“အဲလက်စ်စောင့်ရတာကြာသွားလား”

ပန်းနုရောင်ဂါဝန်ရှည်နှင့် လှပကျော့ရှင်းနေသောအိုင်းရင်းက ဖော်ရွေစွာပြုံးရင်း နှုတ်ခွန်းဆက်သည်။
လည်ပင်းသွယ်သွယ်ထက် ဆံထုံးမှ ဆံစအချို့က
ပျော့ပျောင်းစွာ အနည်းငယ်ပြေကျလျက်ရှိသည်။

“သိပ်မကြာသေးပါဘူး ”

လက်ထဲမှကော်ဖီခွက်ကိုအသာချရင်း အိုင်းရင်းကိုပြုံးပြလိုက်သည်။
ယခင်နှစ်များစွာက ပန်းနုရောင်အရိပ်တဖြစ်လဲ
အိုင်းရင်း ကိုယခုကဲ့သို့ပြန်မြင်ရသည်မှာ
အတိတ်ကိုပင်အောက်မေ့မိရ၏။

ထိုနေ့ကား မြူဆိုင်းသော နေ့တစ်နေ့ဖြစ်သည်။
မုတ်သုံလေအချို့ကား ခပ်ပြင်းပြင်းတိုက်သဖြင့်
ပင်လယ်ပြင်တွေ လှိုင်းကြပ်ခွပ်များက
စိုးရိမ်တကြီးမြည်တမ်းနေ၏။
ပန်းနုရောင်ပုံရိပ်လေးသည်  လေပြင်းများကြား
ပင်လယ်ကိုမျက်နှာမူလျက်တစ်စုံတစ်ဦး
အားစောင့်မျှော်နေပုံရှိသည်။

“ အိုင်းရင်း ”

“ အဲလက်စ်  ဗန် ရော ”

မျက်ရည်ဝေ့နေသောမျက်ဝန်းပြာပြာများက
ဆွေးရိပ်သမ်းနေသကဲ့သို့ တစ်စုံတစ်ရာအား
မျှော်လင့်နေသယောင်ယောင်ပင်။

“သူ ပါမလာဘူး အိုင်းရင်း ”

ထိုကဲ့သို့သော ကျော့ရှင်းလှသည့်မဒီပျို၏
မျှော်လင့်ချက်အား ပျက်သုဉ်းသွားစေမည့်
စကားအား အစပျိုးရန်တာဆူလိုက်ရသည်။

“ ဘာတဲ့လဲ သူက ငါနဲ့အတူ ရပ်ဝေးကိုမသွားနိုင်ဘူးတဲ့လား ”

LOVE IS YOUR NAMEWhere stories live. Discover now