Chapter 4

2.4K 430 51
                                    

Unicode *

မိုးဦးရေတို့ဖြင့် စွတ်စိုနေသည့် မဟာပထဝီ
မြေကြီးမှ စိတ်ကြည်နူးဖွယ် မြေသင်းရနံ့ တို့
သင်းကြူနေသည်။
လေပြည်အဝေ့ ရေငွေ့တစ်ချို့က အိပ်မှုန်စုံမွှား
ဖြစ်နေသည့် ကလေးငယ်၏ နားရွက်ပါးပါး
လေးကို ပွတ်တိုက်ကျီစားသွား၏။
အိပ်မက်မက်လို့မတင်းတိမ်နိုင်သောဝန်ပိုလေး၏ စိန်ပွင့်ပမာ ဝင်းလက်သည့် ကြယ်မျက်ဝန်းမှာ မှိတ်တုတ်မှိတ်တုတ်ရှိနေရာမှ
အနည်းငယ်ပြူးကျယ်လာသည်။

"ဝါး လှလိုက်တာ "

မြစိမ်းနုမြက်ကောဇောဝယ် ရွှေဝါရောင်ဖောက်ထားဘိသကဲ့သို့ တင့်တယ်နေသည်ကို ကြည့်၍
ကလေးငယ် နှုတ်ဖျားမှ အံ့ဩတကြီးရေရွတ်လာသည်။
လက်ချောင်းသွယ်လေးများဖြင့် မြက်ခင်းနုနုဘေးအလေ့ကျပေါက်နေသည့် Dandelion ပန်းပွင့်အချို့ကို ဆော့ကစားနေသည်။

"ဂျီဂျီ ဟိုမှာကြည့်ပါအုံး မီးပြတိုက်ကြီး ကလှလိုက်တာ "

ရွာအပြင်မထွက်ဖူးသည့်ကလေးငယ်က
မီးပြတိုက်၏ အလှအပ ကို တဝကြီးခံစားနေ၏။
မနေ့ညက ရှေ့သွားနှစ်ချောင်းပျောက်ဆုံးသွားခြင်းအမှုကို မေ့လောက်ပြီထင်ပါ၏။
နာကျင်မှုဒဏ်စိုးစဉ်းမျှ မခံနိုင်သောကလေးငယ်
္၏ ငယ်သွားလဲခြင်းဖြစ်စဉ်သည် မျက်ရည်ပင်လယ်လွှမ်းခဲ့ရသည်။
ဖြူစင်လွန်းသောကလေးငယ်သည်
ဤကဲ့သို့ပင် ဒဏ်ရာများကိုမေ့လွယ်ပျောက်လွယ်သေးသည်။

"မီးပြတိုက်ပေါ်တက်ကြည့်မလား ကူး "

အုန်းခွံရောင်ဆမ်းစပြုနေသည့် ဆံနွယ်ပျော့ပျော့ကို အသာဖွရင်း တီးခေါက်ကြည့်မိတော့
လစ်ဟာနေသည့် ရှေ့သွားဖုံးလေသာပြတင်းပေါက်ငယ် ပေါ်သည်အထိပြုံးပြလေသည်။

"ဂျီဂျီ ခနလေးနေအုံး ကူးကူး Dandelion မှုတ်ပြီးဆုတောင်းအုံးမယ် "

မျက်ဝန်းနှစ်လွှာကို အမှောင်ပိတ်ပိတ်ပိန်းအောင်
မှိတ်၍ အားကိုတကြီးရေရွတ်နေသည့် ဆုတောင်းသံပိစိလေးက အလွန်ကိုတိုးငယ်နေလွန်းပါ၏။
ပိတ်ထားသည့် မျက်ဝန်းငယ်တို့ကို မဖွင့်သေးဘဲ
လက်ထဲမှ Dendelion ပန်းပွင့်ငယ်ကို
နှုတ်ဖျားမှ ညင်သာစွာမှုတ်ထုတ်လိုက်ပြန်သည်။
ဝန်ပိုုလေး ထံမှ လေထဲသို့ ဝေ့ဆင်းလာသည့်
ဝတ်မှုန်အချို့ကား ဆမ်းစနေရောင်ခြည်ဝယ်
မြူးထူးစွာ ပြန့်ကျဲနေတော့သည်။

LOVE IS YOUR NAMEWhere stories live. Discover now