*Beginning of a story *

16.3K 715 34
                                    

​*Unicode*

လေပြည်နုတို့၏ အာနုဘော်ကြောင့်
စကော့တလန်ကမ်းရိုးတန်းစပ်ရှိ
လှိုင်းကြပ်ခွပ်တို့မှာ မြူးထူးပျော်ပါးနေကြလေ၏။
မျိုးရိုးမြင့်လူတန်းစား ( ဝါ) ဓနရှင်လူတန်းစား
တို့မှာမူ ကျန်းမာရေးအတွက်
နေပူဆာ လှုံသည်ဟူသောအကြောင်းပြချက်ဖြင့်
ဖျော့တော့တော့အသားရေ ကွယ်ဝှက်သင့်သော
နေရာပါမချန် နေရောင်ပြကြသည်။
သေချာသည် ထိုလူမျိုးတို့မှာ စကော့တလန်လူမျိုးအစစ်များ မဟုတ်တန်ရာ ။
စင်ယော်ငှက်တစ်ချို့ကား ကမ်းရိုးတန်းအနီး
ဝေ့ကာဝိုက်ကာ ပျံသန်းရင်း အာဟာရကို
မှီဝဲနေကြ၏။
ကျွနု်ပ်မှာမူ လုပ်လက်စ တံငါပိုက်ကွန်ကို
ရပ်ကာ အငေးမောကြီး တွေဝေနေတော့သည်။
ထိုသည်ကား စတော့တလန် ခရေးလ် တံငါရွာ
၏ရှုမငြီးနိုင်မြင်ကွင်း တစ်ခုပေတည်း။

လေတစ်ချက်အဝှေ့ ပွယောင်းသွားသော
ကွေ့လီကွေ့ကောက် ဆံနွယ်နီ တို့ကို
လက်ဖြင့်ဟန်ပါပါ သပ်၍ တံငါလှေပေါ်သို့
ခုန်တက်လိုက်သူမှာ တစ်ဦးတည်းသော
ကိုးရီးယား-စကော့တစ်ရှ် သွေးနှော။
မျက်ဝန်းညိုညိုတစ်ဖက်ကိုမှိတ်၍
အောက်နှုတ်ခမ်းကိုအသာကိုက်ပြလေတော့
ကမ်းစပ်ရှိ ပျိုမဒီတို့ထံမှ ဟေးခနဲ ဟူသည့်
ကောင်းချီးပေးသံများကမြည်ဟည်းသွား၏။
ထိုသူကား ခရေးရွာ၏ နှစ်ယောက်မရှိသော
Vante ပင်ဖြစ်သည်။

"ကဲပြောစမ်းပါအုံး အမောင် ချင်မီဘယ်ပျိုမဒီကိုများငေးနေပါစ "

ငယ်နာမယ်အား သရော်၍ စတင်နှုတ်ခွန်းဆက်သောကြောင့်မူပိုင်ဖြစ်သော
စိမ်းညိုရောင်မျက်စံတို့ကို မျက်ထောင့်တစ်ဖက်ကပ်သို့ ပို့လိုက်လေ၏။
ဤအခြင်းအရာကို ချစ်ဖို့ကောင်းလေသည်ဟု
ဆိုကာ ငွေဖြူရောင်ဆံနွယ်အုပ်အုပ်ကို
ရန်ရှာလေသော ဗန့်လက်တို့ကို အမြန်ပင်ပုတ်
ထုတ်လိုက်ရလေသည်။

"ဒီနေ့မင်းအရမ်းနောက်ကျတယ်နော်ဗန်"

မျက်ခုံးနှစ်သွယ်ကိုနဖူးစပ်သို့ထိလုအောင်
တွ့န်ချိုးလျက် ငေါက်ငမ်းလေတော့
ဆေးနီမှုန့်စားထားသော လျှာရဲရဲ တို့ကို
ထုတ်ပြ၍ ဟီးခနဲမြည်အောင်ရယ်ပြလေသည်။

LOVE IS YOUR NAMEWhere stories live. Discover now