Chapter 10

2.2K 405 32
                                    


*Unicode

အမှောင်ယံသည် ခပ်သေးသေးပြတင်းမှ
ဆင်းသက်လာသည့် ကြယ်ရောင်မှုန်မွှားမွှား
ကြောင့် ကြည်လင်နူးညံ့နေသည်။
ခပ်ဆိတ်ဆိတ်ဝန်းကျင်တွင် လေတိုးသံ
တစ်ချို့ကဂီတသံပမာ စည်းချက်ညီနေ၏။

ကျောအနောက်ဖက် ရင်ခွင်နွေးနွေးမှ
နှလုံးခုန်သံသဲ့သဲ့ကို  အာရုံစူးစိုက်၍
နားစွင့်မိသည်။
အတွယ်အတာငယ် အိပ်ပျော်သွားပြီထင်ရဲ့။
ခပ်မှန်မှန် အသက်ရှူသံ နှင့် ညလေပြည်နှင့်အတူ
ရောနှောပျံ့ပြူးလာသည့် လာဗင်ဒါရနံ့
ခပ်သင်းသင်းကြောင့် အိပ်မရသည့်ညဖြစ်လာရ၏။

သန်မာလွန်းစွာသောလက်တစ်စုံ၏
ထွေးပွေ့မှုသည် ကျောဘက်မှ ရင်ဘတ်အထိပင်
နွေးနေစေတော့သည်။
မျက်စိရှေ့မှမြင်နေရသော ဖြူနုနုလက်ဖမိုးပေါ်တွင် ယှက်ဖြာနေသည့် မြစိမ်းရောင်သွေးကြောမျှင်တို့က လရောင်ဖွေးဖွေးအောက်
ထင်ပေါ်နေ၏။
လက်ချောင်းသွယ်ထိပ်ဖျားရှိ အနည်းငယ်ရှည်စပြုနေသည့် လက်သည်းခွံကြည်ကြည်တို့ကလည်း တင့်တယ်နေသည်။

တိုးညှင်းလှစွာသော ညည်းသံသဲ့သဲ့တစ်ချို့က
နားရွက်နောက်ဖျားမှ ထွက်ပေါ်လာ၏။
စကားသံမပီသသော အသံငယ်ကို ဘာသာပြန်နိုင်ခြင်းငှာ မတတ်နိုင်။
ဝိုးတဝါးအသံသည် ထိတ်လန့်နေဟန်တူ၏။
တင်းကျပ်သထက်တင်းကျပ်လာသောလက်အစုံတွင် ချွေးစေးများပြန်လာသည်။
ညဉ့်အိပ်မက်ဆိုးသည် အတွက်အတာငယ်ဆီသို့လာလေပြီထင်၏။

ကျောပေးရာမှ မျက်နှာချင်းဆိုင်အနေအထားသို့လှည့်ကာ ငဂျစ်လေး၏ မျက်နှာနုနုကို ရှုမြော်ဖြစ်သည်။
ချွေးစက်ကလေးများစို့နေသော မဟာနဖူးပြင်ထက်ရှိ ဆံနွယ်အုပ်အုပ်ကို အထက်သို့လှန်တင်ပေး၍ နှုတ်မှ ကျွတ်တသက်သက်နှင့် ချော့မြူရသည်။
အိပ်မက်ဆိုးတို့ ထွက်ခွာသွားပါစေ ။
ခပ်စိုစိုနဖူးပြင်ပေါ်သို့ အနမ်းဖွဖွခြွေ၍ ဆုတောင်းပြီးမှ ကျောပြင်ကျယ်ကိုမမှီ့တမှီ ပုတ်ကာ မနိုးစေရန်ပြန်သိပ်ရ၏။
အအိပ်ဆတ်​ေသာ ဝန်ပိုငယ်ထံသို့ ဘယ်သောအခါမှ မျက်စိလည်လမ်းမှား၍ပင်ဝင်မလာပါနှင့်တော့ အိပ်မက်ဆိုးအရှင်။

LOVE IS YOUR NAMEWhere stories live. Discover now