Thanks to all readers

1.4K 183 20
                                    

6.12.2021

၂၀၂၀ဧပြီမှာစတင်ခဲ့တဲ့ Love is your name
ဟာ ၂၀၂၁ ဒီဇင်ဘာမှာ အဆုံးသတ်နိုင်
သွားခဲ့ပါပြီ။
တစ်ပိုင်းချင်းစီကအစ အဆုံးထိ
စိတ်ရောကိုယ်ပါနှစ်ပြီး အကြာကြီးဖတ်ပေးခဲ့ကြသူများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။
တကယ်တော့ကျေးဇူးတင်ကြောင်းကို
တစ်ပိုင်းပြီးတိုင်းရေးမယ်ရေးမယ်နဲ့
နောက်အပိုင်းတွေအတွက်ကတိမတည်နိုင်တာတွေကြောင့်နဲ့ ရေးဖို့တုံ့ဆိုင်းနေခဲ့ရတာ
အခုမှပဲသေချာရေးဖြစ်ရတယ်။

တစ်ချို့သော မန့်တွေ Reply မပြန်ဖြစ်ခဲ့တာတွေအတွက်ရော
အချိန်အများကြီးယူခဲ့ပြီးဒီကာလတွေမှာအတော်လေးစိတ်ရှည်စွာနဲ့စောင့်ခဲ့ရတာ
တွေအတွက်လည်း ရှင်း တကယ်အားနာပါတယ်။

အကယ်၍များ Love is your name မှာ
မြန်မာသဒ္ဒါပိုင်းဆိုင်ရာသော်လည်းကောင်း ဝေါဟာရပိုင်းဆိုင်ရာသော်လည်းကောင်း
သတ်ပုံ typing error အမှားအယွင်းတစ်စုံ
တစ်ရာကြောင့်သော်လည်းကောင်း
ဖတ်နေရင်းမှ စိတ်အနှောက်ယှက်ဖြစ်ခဲ့တာမျိုးရှိခဲ့ကြရင် ရှင်း အနူးအညွတ်တောင်းပန်လိုက်ပါတယ်။

ရှင်းအနေနဲ့ ယုံကြည်မြတ်နိုးမိတဲ့ချစ်ခြင်းမေတ္တာလေးကို လက်လှမ်းမှီသလောက်လေး
အသွင်တစ်မျိုးနဲ့ ရေးဖွဲ့ခဲ့ရုံလေးပဲဖြစ်ပါတယ်။
အဲ့အတွက် Love is your name မှာ
စာပေရှုထောင့်ပိုင်းဆိုင်ရာ အားနည်းချက်တွေ ပါကောင်းပါနေပါလိမ့်မယ်။
တကယ်တော့ ရှင်း ရေးခဲ့သမျှ ဟိုတစ်စဒီတစ်စလေးတွေထဲ Love is your name ဟာ ပထမဆုံး ဆုံးခန်းတိုင်ခဲ့တာပါ။
စာရေးတဲ့ဝါသနာကိုမရပ်နားမီ ပထမဆုံး
ပြီးမြောက်တဲ့ အလုပ်ကလေးတော့ ရေးသွားချင်တယ်ဆိုတဲ့ စိတ်ဆန္ဒနဲ့အကောင်ထည်ဖော်ဖြစ်ခဲ့တာမလို့ ရှင်းအတွက်အတော်လေးပေါ့ပါးသွားခဲ့ရပါပြီ။

ဒီဇာတ်လမ်းအတွက် ၂၀၁၉ ကတည်းက စိတ်ကူးရခဲ့ပေမယ့် အချိန်သေချာမပေးနိုင်တဲ့အခါ အရင်ကလိုများ
ချောင်ထိုးလိုက်ရမှာစိုးပြီး ရေးဖို့ကို
အတော်လေးတုံ့ဆိုင်းခဲ့တာတွေရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း စာဖတ်သူတွေကြောင့်
Love is your name ဟာ ဒီလိုမျိုး
ပြီးဆုံးသွားနိုင်ခဲ့ပါပြီ။
စာဖတ်သူတွေရဲ့ စာဖတ်ကာလတစ်ထောင့်
တစ်နေရာမှာ ပါဝင်ခဲ့ရတဲ့အတွက်လည်း
တကယ်ဝမ်းသာရပါတယ်။

LOVE IS YOUR NAMEWhere stories live. Discover now