Chapter 5

2.3K 409 32
                                    

-Love knot -

*Unicode *

“အသင်၏ ဘဝတစ်သက်တာကာလပတ်လုံး
ဤသူအား ချစ်မြတ်နိုးစွာပေါင်းဖက်ပါမည်လော ”

ရွှေဆေးရောင်ပြယ်စပြုနေသည့်  ကနုတ်ပန်းအချို့နှင့်တင့်တယ်နေသော အဝင်တံခါးပေါက်၌
ရပ်၍ ကြည့်နေသော ကလေးငယ်က စူးစမ်းလိုစိတ်အပြည့်နှင့်ကြည့်နေသည်။

ပန်းဆွဲပန်းခက်များက ခပ်ဝါဝါမီးသီးဆိုင်းကြီးပေါ်မှ အစီအရီတွဲလျား ကျနေသည်မှာ
မျက်စိပသာဒရှိလှ၏။
နီစွေးစွေး ကောဇောများက ခုံတန်းများဘေးရှိ
လျှောက်လမ်းတစ်လျှောက် နေရာယူထားသည်။
ဖြူနုနု ဂါဝန် ရှည် ကိုဆင်ယင်၍ အလှပဆုံးပြုံးနေသည့် သတို့သမီးငယ်မျက်နာတွင် ကမ္ဘာပေါ်ရှိအပျော်ရွှင်ရဆုံးသော မိန်းမပျိုဟူသည့်
ဂုဏ်ပုဒ်ကိုချိတ်ဆွဲထား၏။
အနက်ရောင်ကုတ် ကော်လံအစွန်းရှိ
ငွေမင်ရောင် ကနုတ်ငယ်များဖြင့် တင့်တယ်နေသည့် ဝတ်စုံကို ဝတ်ထားသည့် သတို့သားငယ်
မျက်နှာတွင်လည်း ပျော်ရွှင်မှုအတိမွှန်းခြယ်နေ
သည်။

“ ကောင်းမွန်သည့်အခြေအနေမှာပင်ဖြစ်စေ
ဆိုးဝါးသည့်အခြေအနေမှာပင်ဖြစ်စေချမ်းသာသုခခံစားရသည်ပင်ဖြစ်စေ ဆင်းရဲငတ်မွတ်နေသည်ပင်ဖြစ်စေ  ဖျားနာသည်ဖြစ်စေ
အကျွနု်ပ်တို့ အသက်မဆုံးရံှုးကြသည့်
ကာလပတ်လုံး အတူတကွ ရှင်သန်နေထိုင်သွားကြမည်ဟု ကတိသစ္စာပြုပါသည် ”

ယုံကြည်မှုအပြည့် ပီတိအပြည့် နှင့် ဆိုလေသော
ကြင်စဦးဇနီးမောင်နှံ အလောင်းအလျာတို့၏
တိုင်တည်ရေရွတ်သံအဆုံး ပရိသတ်အပေါင်း၏
ကောင်းချီးဩဘာပေးသည့် လက်ခုပ်သံတို့ဖြင့်
ညံစီသွားလေ၏။
ဤအခြင်းအရာကို မျက်တောင်တစ်မျှင်ပင်
မခတ်ဘဲ စိတ်ဝင်တစားငေးကြည့်နေသည့်
ကူးပခုံးကိုအသာတို့လိုက်သည်။

“ဘာတွေငေးကြည့်နေတာလဲကူး ”

မျက်ဝန်းဝိုင်းများကိုပင်ဖုံးအုပ်စပြုနေပြီဖြစ်သည့်ကလေးငယ်၏ ဆံနွယ်အချို့ကိုအသာပင့်တင်ပေးရင်မေးမြန်းဖြစ်၏။

“ဘာလို့ သူတို့လက်ကို အဝတ်အဖြူနဲ့စည်းထားရတာလဲဟင် ”

ကလေးငယ်၏မျက်ဝန်းအစုံသည်
သတို့သားနှင့်သတို့သမီး၏ လက်နှစ်စုံကို
ရစ်ပတ်ချည်နှောင်ထားသည့်ရွှေရောင်ပြိုးပြိုးပြက်ပြက် ရောနှောနေသောပိုးဖြူရောင်ပဝါငယ်အား စူးစိုက်ကြည့်နေ၏။

LOVE IS YOUR NAMEWhere stories live. Discover now