Chapter 2

3K 473 28
                                    

Unicode

“အတွယ်အတာရယ် အိပ်မက်လှလှဝယ်
ရွှင်မြူးစွာ ကူးခတ်လေတော့
ချစ်သက်ငယ် ”

သာယာနာပျော်ဖွယ် ဟု ဆိုသာမည်မဟုတ်သည့်
ခပ်ကြောင်ကြောင် သားချော့တေးကို
ထိုသူငယ် နှစ်သက်သည်ထင်၏။
ထပ်ကာထပ်ကာကျော့၍ ဆိုလေသော
သီချင်းနှစ်ပိုဒ်မြောက်တွင်ပင်
သေးနုတ်လှသောနှုတ်ခမ်းအတွင်းမှ
လေတိုးသံပမာ ရှူးရှူးရှဲရှဲ မြည်၍
အိပ်စက်သွားလေတော့သည်။

ရင်ခွင်ကျယ်အတွင်းသို့ ဦးခေါင်းလေး
တိုးဝှေ့ရင်း မှေးစက်နေသော အနီှီပေါက်စ
ကို မွေ့ယာမပါ စောင်ကြမ်းနှစ်ထည်ကို
ထပ်၍ခင်းထားသည့် ကုတင်ပေါ်သို့
ဖြည်းညင်းစွာ ချပေးလိုက်သည်။
ကိုယ်ငွေ့နွေးနွေး ပျောက်ဆုံးသွား၍ထင်၏။
ခပ်သေးသေး ခန္ဓာကိုယ်လေးသည်
အနည်းငယ်လူးလွန့်သွားရှာပြီး မှုန်မှုန်မွှားမွှား
မျှသာရေးထင်နေသော မျက်ခုံးနှစ်သွယ်မှာ
အလယ်သို့ တွန့်ချိုးလေ၏။

ကူး၏ နဖူးပေါ်ရှိ ကျိုးတိုးကျဲတဲ ပေါက်ခါစ
ဆံနွယ်မျှင်တို့ကို အသာဖိသပ်ပေးပါမှ
ပြန်ငြိမ်သက်၍ အိပ်စက်ခြင်းမ​ြို့တော်ဆီသို့
အလည်သွားလေတော့သည်။
လောကကြီး၏အပူအပင် များကိုမသိနားမလည်သေးစွာ ငြိမ်းငြိမ်းချမ်းချမ်းအနားယူနေသည့်
ထိုကလေးငယ်ပုံစံမှာ မြင်ရသူအဖို့ ကြည်နူး
ပီတိဖြာစေသည်။
အထီးကျန်ကမ္ဘာငယ်တွင် ဝန်ပိုလေး (ဝါ) အတွယ်အတာ လေးက အဖော်ပြုပေးနေပြီ။

ဘုရားသခင် ထိုအတွယ်အတာလေး အတွက်
အကောင်းမွန်ဆုံးဆိုသည့်အရာများကိုသာ
ဖန်တီးပေးလှည့်ပါ ။

~~~~

မီးတောက်မီးလျှံကဲ့သို့ အရှိန်အဟုန်ပြင်းစွာ
တောက်လောင်နေသော သူရိန်နေမင်းကြီး၏
အစွမ်းသတ္တိထံမှ လွတ်မြောက်အောင်မပြေးနိုင်စွမ်းသာ။
ထီးခေါက်တစ်ခုပင် ယူမလာမိဘဲ ကူးအတွက်
ခေါင်းကိုင်မိခင်ရှာပေးဖို့ ထွက်လာမိသည်ကိုပင်နောင်တရမိသည်။
စကော့သွေးတစ်စက်လေးမျှပင်
ရောနှောခြင်းမရှိသည့် ထိုကလေးငယ်
အကြောင်းကိ​ု ဂျော်ဂျီက တစ်ရွာလုံးအနှံှ့
ဆော်ဩပြီးသည်ဖြစ်၍ ခေါင်းကိုင်မိခင်
ပြုလုပ်ပေးချင်သူ ရှာရခက်နေ၏။
သို့ ဂျော်ဂျီ ကိုလည်း အပြစ်တင်ရန်မသင့်။
အမှန်တရားကိုဖုံးကွယ်၍ ထားအံ့သောငှာ
မဖြစ်သင့်သည်မဟုတ်လော။

LOVE IS YOUR NAMEWhere stories live. Discover now