Chapter 8

2K 413 46
                                    

Unicode *

တိမ်မြူစိုင်းအပြည့်နှင့် ကောင်းကင်ညိုသည်
အရာရာကို ကျောခိုင်းလျက် ဝမ်းနည်းနေသည့်ပုံပမာဖြစ်နေသည်။
ဆိတ်ငြိမ်ရပ်ဝန်း တွင် တစ်ချက်တစ်ချက် အော်မြည်နေသော ကျီးငှက်သံမှအပ မည်သည်ကိုမျှကြားမနေရပေ။

စိမ်းစိုနေသော မြက်ခင်းပြင်သည် မြူနှင်းစက်တို့ကြောင့် အနည်းငယ်စိုစွတ်၍ အရောင်လဲ့နေ၏။
ဟေမန် နတ်ဘုရားအုပ်စိုးချိန်ကာလ၏ နောက်ဆုံးအခါသမယပေမို့ ရာသီဥတုကား
မှုန်မှိုင်းမိှုင်း နှင့် ဖြစ်နေသည်။
ယမန်နေ့က ဒေါသတကြီးဟစ်အော်၍
နှင်းမုန်းတိုင်းသွန်းခဲ့လေသူမှာ မည်သူနည်းဟုပင်သံသယဖြစ်စရာကောင်းလွန်းလှတော့သည်။

ဒူးဒဏ်ရာအရှိန်ကြောင့် တစ်လှမ်းချင်း နှေးနှေး
ကွေးကွေး လျှောက်၍ပင် ဘုရားကျောင်းအတွင်းသို့ ဝင်လာရသည်။
သံဇကာကွက်ငယ်ခပ်စိတ်စိတ်ပါဝင်သောနံရံကိုတစ်ဖက်ခြားထားသည့်အခန်းငယ်ဆီသို့
လှမ်းကြည့်၍ သက်ပြင်းခိုးချမိသည်။
အပြစ်ဝန်ချတောင်းပန်သူအား ဘုရားသခင်ကိုယ်စား အာပတ်ဖြေတော်မူပေးသော ဘုန်းတော်ကြီး၏ ခပ်ဝိုင်းဝိုင်းမျက်နှာသည် နေရောင်ခြည်ပမာ တောက်ပနေ၏။

“အဲလက်စ် ရောက်နေတာကြာပြီလား
ဂျက်စတင်ရော မပါဘူးမလား ”

“သူလာမကြိုခင်စောထွက်လာလိုက်တာပါ
ဂျက်စတင်ကိစ္စအထွေအထူးများရှိလို့လားဖာသာ ”

တံခါးပေါက်ဆီသို့ အကြည့်လွှဲ၍ ​ဂျက်စတင်မပါကြောင်းအတည်ပြုမေးခွန်းကို ဖြေရှင်းပြီး၍
မေးဆိုလိုက်သည်။

“အင်း ဂျက်စတင်ရှေ့ရေးအကြောင်းပြောချင်တာပါ အချိန်ရတယ်မလား အဲလက်စ် ”

ဘုန်းတော်ကြီး၏ အခန်းနံရံ၌ ချိတ်ဆွဲထားသည့် သစ်ညိုရောင်လက်ဝါးကပ်တိုင်ကိုသာ ငေးကြည့်၍ ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။

“ဂျက်စတင် က အရည်အချင်းရှိတဲ့ကလေးပါ
ဒီလိုအညတရ တံငါရွာလေးမှာ ထူးခြားတောက်ပလွန်းနေတဲ့ကလေး ကို ပိုပြီး ထူးချွန်စေချင်တယ် ”

အပြာရင့်ရောင် ပန်းကနုတ်အနားကွတ်ထားသည့် ကြွေလက်ဘက်ရည်ခွက် ကိုတစ်ငုံငုံလိုက်ကာ မျက်နှာအမူအရာကို အကဲခတ်နေသည့် ခပ်ဖိုင့်ဖိုင့် ဘုန်းတော်ကြီးမှာ ဒွိဟဖြစ်နေပုံရ၏။

LOVE IS YOUR NAMEWhere stories live. Discover now