Chapter 12

1.9K 359 23
                                    

Unicode *

သော်တာစန်းစ လရောင်ဖြဖြ ၊
ကြယ်လေးငယ်ရောင်တလက်လက် ၊
ညမီးအိမ်ရောင် မှုန်မွှားမွှားကြားမှ 
အိမ်အပြန်လမ်းကို ရှေ့ဆက်နေရသည်။
တွဲလက်တစ်ဖက်၏အကူအညီနှင့် အမှောင်ယံကို တိုးဝင်လျှောက်လှမ်းနိုင်နေ၏။

ညဇီးကွက်တို့၏ အသံစာစာတစ်ချိူ့နှင့်
ပုစဉ်းရင်ကွဲသံ တို့ပင် ထွက်ပေါ်စပြုနေပြီ
ဖြစ်သည်။
သောင်ပြင်မှ ကပ်ငြိပါလာသော သဲမှုန်သဲစတို့
ကြောင့် ခြေဖဝါးငယ်တို့ တကျိကျိအသံမြည်နေသယောင်ပင်ခံစားနေရသည်။
လမ်းဘေးဝဲယာနှစ်ဖက်ရှိ အရိုင်းပန်းငယ်တို့ထံမှလည်း ရနံ့မွှေးမွှေးတို့က ညလေပြည်နှင့်အတူသင်းပျံ့နေ၏။

ပုလဲနက်မျက်ဝန်းပိုင်ရှင် အတွယ်အတာငယ်
လေး၏ မျက်နှာနုနုတွင် လည်း လရောင်သဲ့သဲ့
ဖြာလင်းနေ၏။
ဂုဏ်ကျက်သရေ အတိမွှန်းသော နီရဲရဲ
နှုတ်ခမ်းပါးတစ်စုံမှာ ပြုံးယောင်သမ်းနေသည်။
ညဉ့်အလှသည် ကြည်နူးဖွယ် ။
ငဂျစ်လေး၏ အပြုံးသည်လည်း ကြည်နူးဖွယ်။

“ဂျီဂျီ အေးနေပြီလား ”

ရုတ်တရက်ခေါင်းငုံ့လာသော ကူး ကြောင့်
မျက်နှာကို တမင်လွှဲကာ ကောင်းကင်ယံရှိ
ကြယ်တာရာများထံ အကြည့်လွှဲရ၏။

“မအေးပါဘူး ”

အပြောနှင့်ခြားနားစွာ လက်တို့ကိုတင်းတင်းကျပ်ကျပ်ပိုက်၍ နွေးထွေးသွားအောင်ပြုနေရ၏။
စကားဆုံးသည်နှင့် ခါးတစ်ဝိုက်ရစ်သိုင်းလာသော လက်တစ်ဖက်ကြောင့် ကြိတ်ပြုံးမိလိုက်သည်။
ယခုတော့ဖြင့်လည်း ရာသီဥတုကခပ်နွေးနွေး။

“ချင်မ် မင်းတို့ဘယ်တွေသွားနေတာလဲ”

အိမ်အဝင်ဝ၌ ရောက်စကပင် ပျံ့နှံ့လာသော
အသံဩဩ၏ ဆူပူမှုကြောင့် နားနှစ်ဖက်လုံးပင်
ထူအူသွားရသည်။

“ကမ်းခြေဘက်လမ်းခဏသွားလျှောက်တာပါဗန်ရာ တအားလည်းမအော်ပါနဲ့ငါ့နားတွေသွေးယိုတော့မယ် ”

အတ္တိဿယဝုတ္တိ အလင်္ကာနှင့် ရွဲ့ကာစောင်းကာဖြေလိုက်သဖြင့် ပိုလေရန်ကော ဟူသည့်
အနေနှင်​​့ မျက်ဝန်းညိုတို့က ဘေးထောင့်သို့ကပ်ကာ နှုတ်ခမ်းပါးအစုံကိုတွန့်ချိုးပြ၏။

LOVE IS YOUR NAMEWhere stories live. Discover now