Chapter 20

1.8K 261 28
                                    

Unicode*

တံခါးဝတွင် ချိတ်ဆွဲထားသည့် ဆည်းလည်းငယ်မှ တချွင်ချွင် မြည်နေသည်။
ဆိုင်အတွင်း  သင်းပျံ့လာသော ကွတ်ကီးနံ့ နှင့်
ပေါင်မုန့်ဂျုံနံ့ က တင်းကျပ်နေသာ စိတ်အာရုံကို အနည်းငယ်ပြေလျော့သွားစေသယောင် ။

“အဲလက်စ် ”

ကာကီရောင်ဂါဝန်အရှည်ပေါ်မှ ခါးစည်းအဝတ်ကို ဖယ်ခွာလျက် ခပ်အေးအေးပြုံးပြလာသော
အိုင်းရင်းအား ပြန်ပြုံးပြလိုက်သည်။

“ဂျက်စတင်ရောမပါဘူးလား”

“သူ့ကို အတိအကျမပြောပြရသေးဘူး ”

အိုင်းရင်းကနားထင်စတွင်ဝဲကျနေသော
ရွှေအိုရောင်ဆံနွယ်တို့ကို နားနောက်သို့ပို့ကာ
သက်ပြင်းခပ်ဖွဖွချသည်။

“ပါရီမှာ မစ္စကင်ဆိုတဲ့အမျိုးသမီး သက်ရှိထင်ရှားရှိသေးတယ်တဲ့ ”

စိတ်လှုပ်ရှားမှုကြောင့် ခပ်ဖွဖွကိုက်ထားမိသော
အောက်နှုတ်ခမ်းကိုအသာလွှတ်၍
ခေါင်းငြိမ့်တုံ့ပြန်လိုက်ရသည်။

“ဂျက်စတင်ကို အဂင်္လန် ကကိစ္စရောပြောပြီးပြီလား ”

“ မစ္စကင် ကိစ္စအရင်ပြောမလားလို့ သူမသွားခင်
သူ့မိဘအရင်းနဲ့ပတ်သက်ပြီး စိတ်အားငယ်တာမျိုး နောင်တရနေမှာမျိုး မဖြစ်စေချင်ဘူး ”

အိုင်းရင်းက စားပွဲရှိကွတ်ကီးအချို့ကိုသာ
ခပ်တွေတွေငေးနေ၏။

“မစ္စကင်ကလည်း ကလေးငယ်တစ်ယောက်ကို
လိုက်ရှာနေတယ်ကြားတယ် အသက်အရွယ်
အပိုင်းအခြားအရဆိုရင် ဂျက်စတင်အရွယ်လောက်ပဲတဲ့ ”

“အဲ့တာဆိုကျေးဇူးပြုပြီး ဒီစာလေးကို ပါရီကမစ္စကင်ဆီပို့ပေးပါလား ကိစ္စတွေအများကြီးကူညီပေးနေတဲ့ အိုင်းရင်းကို တကယ်ကျေးဇူးလည်းတင်မိသလို အားလည်းအားနာပါတယ် ”

စားပွဲတစ်ဖက်စွန်းရှိ အိုင်းရင်းဆီသို့ စာအိတ်ဖြူ
ကိုလှမ်းပို့လိုက်ကာ တောင်းဆိုမိသည်။
အိုင်းရင်းက စာအိတ်ငယ်ပေါ်ရှိ တံဆိပ်ခေါင်းကို
လက်နှင့်အသာထိရင်း သက်ပြင်းချ၏။

“ အဲလက်စ်အနေနဲ့ ဒီလိုဆုံးဖြတ်တာသေချာရဲ့လား ဂျက်စတင် မိသားစုမျိုးနွယ်ကိစ္စက
ထင်သလောက်ရိုးရှင်းနေမယ်မထင်ဘူးနော် ”

LOVE IS YOUR NAMEWhere stories live. Discover now