Chapter 23

1.3K 234 20
                                    


Unicode *

မှုန်ရီပြပြ ငွေသော်တာထံသို့
လာဗင်ဒါများက ယိမ်းနွဲ့ကကြိုးနှင့်
ဖျော်ဖြေနေ၏။
တိုးတိတ်သောဝန်းကျင်တွင်
လေတိုးသံ တဝူးဝူးနှင့် ပုစဥ်းရင်ကွဲတို့၏
ငိုကြွေးသံသာ မင်းမူလျက်ရှိသည်။

" ဂျီဂျီ "

လေအဝှေ့​​တွင် အေးစိမ့်လာသော
ရာသီဥတု၏ ပယောဂကြောင့် ငဂျစ်လေး၏
အသံချိုချိုမှာ အနည်းငယ်တုန်ယင်နေသည်။
ဘေးကပ်လျက်တွင် ခပ်ယို့ယို့ထိုင်နေသော ကလေးကြီး (ဝါ)လူပျိုပေါက်စ၏
ကျယ်ပြန့်သော ပခုံးတစ်ဖက်သို့ ခေါင်းမီလိုက်မိ၏။

"အေးနေပြီလား "

မိမိ၏ ကိုယ်ခန္ဓာငယ်အား ထွေးပွေ့ကာ
ငွေမင်ရောင်ဆံနွယ်အုပ်အုပ်ပေါ်သို့
မေးတင်လျက် ညင်သာစွာဆိုသူက
သူကိုယ်တိုင်၏ ချမ်းအေးမှုကိုဖြင့်
လျစ်လျူရှုထားပုံရသည်။

ရင်ခွင်ကျယ်အတွင်း မျက်စိစုံမှိတ်
ဝင်ခိုလိုက်သော ဤဆောင်းခိုငှက်ကတော့
ခေါင်းကိုတသွင်သွင် ယိမ်းလျက်သာ
နေမိ၏။

" ညဥ့်နက်နေပြီ ဒီတိုင်းဆို ဂျီဂျီ နေမကောင်းဖြစ်လိမ့်မယ် ပြန်ကြရအောင်နော် "

မိမိ၏ အေးစက်စက် လက်ဖဝါးငယ်အား
ယုယုစွာ ဆုပ်ကိုင်၍ စိုးရိမ်ပူပန်တကြီး
ဆိုသည်ကို ခပ်တိုးတိုးကြားနေရသည်။
ပွေ့ယူလိုက်သော ရင်ဘတ်ကျယ်ကျယ်ဆီမှ
နှလုံးခုန်သံစည်းချက်မမှန်ချင် ။
အတွယ်အတာငယ်၏ စကားသံအချို့က
နားထဲပေါ်တလှည့် ပျောက်တလှည့် ။

" ဂျီဂျီ ကို ဘယ်လိုချန်ထားခဲ့နိုင်မှာလဲ "

နောက်ဆုံးကြားလိုက်ရသည့် ငဂျစ်လေး၏
သက်ပြင်းသံတစ်ဝက် ပူပန်မှုတစ်ဝက်
ရောယှက်နေသည့် စကားကြောင့်
ဖျော့တော့တော့နှုတ်ခမ်းပါးများကို
အားယူကာပြုံးမိသည်။
၎င်းနောက် စက္ခုအာရုံပသာဒသည်
တဖြည်းဖြည်းချင်းကန့်လန့်ကာချတော့၏။

အမှောင်ထုကြီးစိုးနေသောအခန်းငယ်တွင်
မိန်းမပျိုတစ်ဦးက နှုတ်ခမ်းပါးများကို
တင်းတင်းစေ့လျက် မျက်ဝန်းနက်များဖြင့်
စိုက်ကြည့်ကာနေသည်။
ကြိမ်ဖန်များစွာမြင်ဖူးဟန်ထင်ရသော
မျက်ဝန်းများပင်ဖြစ်လင့်ကစား
စိမ်းသက်သက်အငွေ့အသက်များဖြင့်
ထုံလွှမ်းနေပြန်သည်။

LOVE IS YOUR NAMETempat cerita menjadi hidup. Temukan sekarang