Chapter - 1

5.3K 531 24
                                    

Unicode*

မဟော်ဂနီရောင် အုတ်ကြွပ် တို့ဖြင့်
စီခြယ်ထားသော အိမ်ခေါင်မိုး၏ သဘာဝ
အလင်းပေါက်ငယ်မှ နေရောင်ခြည်တစ်ချို့
ဖြာကျ နေသည်။
နွေဦးရာသီအတွင်းပေမို့ ထိုအပေါက်ငယ်သည် အလင်းပေးနိုင်ရုံအပြင်
မည်သည့်ဒုက္ခမျှ မပေးနိုင်သေး။
မိုးတစ်ဖြိုက်နှစ်ဖြိုက်မျှ ရွာသွန်းလျှင်ပင်
စဉ့်အိုးတစ်ဝက်ခန့် ရှိသော ရေစက်များ
ကတရဟောကျဆင်းနိုင်ပေ၏။
ရေလုပ်သား လစာနှင့် မိုးမကျမီ အပေါက်ငယ်အား အပြီးဖာနိုင်အံ့ ဟုယုံကြည်ထားသမျှ
မသေချာနိုင်တော့ပြီ။
အသို့နှယ်
မာတာမိခင်၏ အမွေအနှစ်သည်းချာ
ထိုကလေးပေါက်စ ၏ တာဝန်အဝဝသည်
အသက်၁၇ နှစ်မျှသာရှိသော အကျွန့်ငယ်ထိပ်
ပေါ်သို့ ဖိထားလေတော့သည်။
မီးလင်းဖိုးပေါ်တွင် တည်ထားသော
ယောဂုဆန်ကြမ်းရည် (ဝါ) လူကုံထံအခေါ်
လူမမာစာ ဆန်ပြုတ်ရည် ကို စိတ်မပါလက်မပါ
မွှေရင်း သက်ပြင်းရှည်ကြီးတစ်ချက် ကို
ချမိသည်။
ထိုသူငယ်နှင့် မည်ကဲ့သို့နှစ်ပါးသွားကြလေမည်နည်း ။

“ချင်မ် ​ေရ ငါ လာတယ်ဟေ့ ”

ညဖက် စက်တော်ခေါ် သည်ကလွဲ၍
အာရုဏ်တက်မှစ၍ ချောင်းပေါက်မတတ်
လာရောက်တတ်သော ဗန့်ကြောင့်
မည်သည့်စကားမျှ နှုတ်ခွန်းပြန်မဆက်မိ။

“ဟေ​့ ချင်မ် ဟိုကလေးရော ”

“အခန်းထဲမှာအိပ်နေတယ်
လက်ထဲက ဓားမြှောင်ကိုချထားစမ်းဗန်
မင်း ဆော့လိုက်လို့ပျောက်သွား တဲ့
ဓားမြှောင်တွေနဲ့တင် စကော့တလန် နဲ့
အိုင်းလန်းပေါင်းကူးတံတားဆောက်လို့ရနေပြီ”

စင်ပေါ်တင်ထားသော ဓားမြှောင်ကို
ဆတ်ခနဲဆွဲယူပြီး လက်ကစားနေသည့်
အမောင် ဗန်ကိုအဆစ်ငေါက်ငမ်းရင်းဖြေရသေးသည်။
ထို့နောက်တွင်မူ ဆင်ကိုးစီးတိုက်၍မကုန်သည့်
ကိုယ်ထည်ကြီးမျှ  အားမနာ
ခြေကိုဆောင့်၍ ဓားမြှောင်ကိုစားပွဲပေါ်ပစ်တင်ရင်းအိပ်ခန်းထဲသို့ဝင်သွားလေသည်မှာ
အိမ်ငယ်သည်ပင် တသိမ့်သိမ့်တုန်လေ၏။

မျက်တောင်တစ်မှိတ်ပင်မကြာလိုက်သော
တစ်ခနမှာပင် အိပ်ခန်းထဲမှ ပူပူနွေးနွေး
အမွေရထားသည့် ပေါက်စငယ် ၏
အာခေါင်ကိုခြစ်၍ ငိုကြွေးမြည်တမ်းသံမှာ
ခရေး ရွာ တစ်ရွာလုံးတုန်ခါသွားလေသည်။
စိတ်ပူပန်မှုတစ်သိန်းတစ်သောင်းနှင့်
အိပ်ခန်းထဲသို့ခြေချလိုက်တော့ ဗန်တစ်ယောက်
ကလေးငယ်၏ပါးကိုအသာပုတ်ကာ
ချော့သည်လား ရိုက်ပုတ်သည်လား
မသဲကွဲသည့်အနေအထားကိုမြင်လိုက်ရသည်။

LOVE IS YOUR NAMEOù les histoires vivent. Découvrez maintenant