Chapter 24

1.3K 225 25
                                    

Unicode *

ထင်ရာစိုင်း ဝုန်းဒိုင်းကြဲနေသည့် လှိုင်းတို့၏
အမျက်မာန်က ခရေးရွာလေးကို
အကြင်နာမဲ့စွာဖြင့် ရိုက်ခတ်သည်။
နှစ်ပတ်လည်လာလည်နေကျ စေတန်
ဧည့်သည်မုန်တိုင်းကြောင့် ဘုရားသခင်ကိုသာတနေရ၏။

ဒီရေတက်ချိန်ကျချိန်မမှန်ရာမှဖြစ်တည်
လာသောမုန်တိုင်းသော်လည်းကောင်း
သမုဒ္ဒရာတို့အားကြီးစိုးသူ ပိုဆိုက်ဒွန် နတ်ဘုရား၏ အမျက်ဒေါသသော်လည်းကောင်း
အဖဘုရားသခင်၏ အလိုတော်ပင်သော်လည်းကောင်း အသေအချာမသိ။

သေချာသည်ကတော့ ဤလှိုင်းလုံးများသည်
ဆည်းဆာချိန်တိုင်းတောက်ပတတ်သောကမ်းစပ်အုတ်ညိုတံတိုင်းကိုဖြိုဖျက်
သွားလိမ့်မည်။
ခရမ်းရောင်လာဗင်ဒါပန်းခင်းငယ်ကို တစစီ​ခြေမွသွားလိမ့်မည်။
ကမ်းစပ်ကတံငါတဲလေးများလည်း သဲအိမ်ငယ်များပမာပြိုပျက်သွားလိမ့်မည်။

ဆုံးရှုံးမှုကိုယူဆောင်လာသော ဧည့်သည်အား
မည်သူမှမကြည်ဖြူကြသော်ငြား တွန်းလှန်နိုင်စွမ်းလည်းမရှိ။
သဘာဝတရား၏ ပြစ်ဒဏ်ကို အလူးအလိမ့်
ခံစားကြရအုံးမည်။

" ချင်မီ "

တံခါးကို အပူတပြင်း တဒုန်းဒုန်းထုကာ
အော်ခေါ်နေသူအတွက် တံခါးမင်းတုန်းအား
အသာမ၍ ဖွင့်ပေးလိုက်ရသည်။

"အခြေအနေမကောင်းတော့ဘူးချင်မီ
ဒီတစ်ခါမုန်တိုင်းကအတော်ပြင်းနေတယ်
ဂျော်ဂျီတို့ အိုးဖုတ်ရုံလေးတောင်လှိုင်းစားသွားပြီ "

မိုးစက်များကြောင့် ခွေလိပ်လျက်ရှိတတ်သောဆံပင်နီညိုရောင်တို့က ဗန့်၏ ဗာဒံရောင်မျက်ဝန်းများကိုဖုံးနေသည်။
အလောတကြီးပြေးလာသောကြောင့်လည်း
ဗန့်၏ အသံများမှာ သိသိသာသာတုန်ယင်နေ၏။

"ဒုက္ခပါပဲကွာ "

​မျက်နှာတစ်ပြင်လုံးအား လက်ဖြင့်ခပ်ကြမ်းကြမ်းပွတ်လိုက်ကာ စိတ်ပျက်လက်ပျက်
ရေရွတ်မိသည်။
အဘွားဆုံးထားသောဗန် နှင့် အဖမဲ့ အမိပစ် ခံရသူတို့နှစ်ယောက်၏အနာဂတ်အားမတွေးဝံ့စရာပင်မဟုတ်လား။

" ငါတို့ကမှတော်ပါသေးတယ်ကွာ ဂျော်ဂျီ့အမျိုးသမီးဆို နမိုးနီးယားနဲ့ အိပ်ရာထဲလဲနေတာအိုးလုပ်ငန်းတစ်ခုထဲနဲ့ရပ်တည်နေရတဲ့ကြားထဲ ဒီအကြောင်းသာကြားရင်ဖြင့် "

LOVE IS YOUR NAMEWhere stories live. Discover now