Announcement for all readers

706 78 10
                                    


တိုက်တိုက်ဆိုင်ဆိုင် Love is your name ကို
စရေးခဲ့တာ ၃ နှစ်ပြည့်ခါနီးမှာ
စာအုပ်အကြောင်းလေး အသိပေးခွင့်
ရခဲ့ပါပြီ။
၂၀၂၀ ဒီလို ဧပြီလထဲမှာ စတင်ခဲ့အချိန်ကစလို့ ၂၀၂၁ ဒီဇင်ဘာအထိ သဘောတကျ မြတ်နိုးပေးခဲ့ကြတာတွေအတွက်
အမြဲကျေးဇူးတင်နေရတာပါပဲ။

စာပေပိုင်းမှာ လိုအပ်ချက်လေးတွေရှိနေသေးတာရော ယုံကြည်ရတဲ့ ချစ်ခြင်းမေတ္တာ
တစ်ခုကိုပဲ တတ်နိုင်သလောက် ပုံဖော်မယ်ဆိုတဲ့ အတွေးတစ်ခုနဲ့ပဲစတင်ခဲ့တာမလို့ စာအုပ်ထုတ်ဖို့ကို စိတ်မကူးဖြစ်ခဲ့ပါဘူး။
ဒါပေမယ့်လည်း LIYN ကို အမြတ်တနိုးသဘောကျပေးတဲ့သူတွေအတွက် ဒြပ်မဲ့ အမှတ်တရကလေးကို ဒြပ်ရှိကလေးအဖြစ်ပါ
မြင်ချင်ကြသူတွေအတွက် ဒီလိုမျိုးစာအုပ်ထုတ်ဖြစ်ဖို့ အကြောင်းဖန်လာခဲ့ပါပြီ။

စာဖတ်သူတွေရဲ့ ကာလတစ်ထောင့်တစ်နေရာမှာ ပါဝင်ပေးခဲ့တဲ့ LIYN လေးကို
ရှင်းတစ်ယောက်ထဲအား နဲ့ဆို
အတော်လေးကြန့်ကြာဖြစ်အုံးမှာဆိုပေမယ့်
Starlight Memories က အစ်မတွေ
အကူအညီနဲ့ အဆင်ပြေချောမွေ့စွာ
အကောင်ထည်ဖော်ဖြစ်ခဲ့ပါတယ်။

ရှင်းအတွက်တော့ LIYN ဟာ အမှတ်တရတွေ
တပွေ့တပိုက်နဲ့ ရေးခဲ့ရတာဖြစ်သလို
စာဖတ်သူတွေရဲ့ အမှတ်တရတစ်စိတ်တစ်ပိုင်းမှာ ပါဝင်ခဲ့ရတာမလို့လည်း
တကယ်ကျေးဇူးတင်ရပြီး ဝမ်းသာရတာပါ။

Love is your name ကို မြတ်နိုးပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ္တဇနာမ်လေးတွေနဲ့ တင် ရှင်းအတွက် အဖိုးတန်လှပါပြီ။
အသိအမှတ်ပြုပေး သဘောကျပေးသူတွေ
အကုန်လုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

ကျေးဇူးတင်စွာဖြင့်

   
                                                                   နီယွန်ရှင်း

LOVE IS YOUR NAMEWhere stories live. Discover now