Chapter 19

2.4K 316 28
                                    

Unicode *


သို့
ချစ်ရပါသော အစ္စဘယ်လ် ရေ
မင်းအိုင်းယားလန်းမှာအဆင်ပြေတယ်ဆိုတာသိရလို့အရမ်းဝမ်းသာတာပဲ
ဒီမှာတော့သိပ်အဆင်မပြေဘူးကွယ်
အိမ်ရှေ့စံမင်းသားနဲ့ကြင်ယာတော်လောင်း
တို့မင်းပြစ်သင့်ပြီး ပြည်နှင်ဒဏ်ပေးခံရတယ်
ဘာကဘယ်လိုဖြစ်တယ်မသိပေမယ့်
တို့တွေရဲ့သခင်မလေးအမှားမရှိတာတော့သေချာပါတယ် မင်းလည်းအဲ့လိုယုံလိမ့်လို့
ကိုယ်ထင်ပါတယ် ဒီစာတောင်ကိုယ်ခိုးရေးရတာ တိုင်းတစ်ပါးစာရေးနေတာတွေ့တာနဲ့
သူလျှိုဆိုပြီး ပြစ်ဒဏ်ပေးနေကြတာ
ကိုယ်တော့အရမ်းစိတ်ညစ်တာပဲ သခင်မလေးတို့ပြည်နှင်ဒဏ်ပေးတဲ့အခါ ကိုယ်ပါလိုက်လာဖြစ်မယ်ထင်တယ် ”

စာရွက်ဝါဝါကအတော်ပင်ဟောင်းနွမ်းနေပြီ
ဖြစ်သည်။ ရေအနည်းစိုထားပုံရသောကြောင့်
ခပ်သော့သော့လက်ရေးများကလည်း
အနည်းငယ်မင်ရောင်ပြယ်နေ၏။
မိခင်ဆုံးပါးစဉ်က စာအိတ်တစ်အိတ်ကျန်ခဲ့သည်ဟူသော သတင်းသဲ့သဲ့ကြားမိသော်လည်း
စိတ်ဝင်စားခြင်း အလျဉ်းမရှိခဲ့ ။
ယခုမူ အိုင်းရင်းအကူအညီဖြင့် စာအိတ်အား
လက်ခံရရှိခဲ့သည်။

“အစ္စဘယ်လ်ရေကိုယ့်မှာ ဝမ်းသာစရာသတင်းရှိတယ်သခင်မလေးတို့က အိုင်းယားလန်းမှာ အခြေချမယ်ပြောနေကြတယ် တို့တွေပြန်ဆုံနိုင်ဖို့အခွင့်အရေးရပြီ  ”

“ကိုယ်အခု အိုင်းယားလန်းကနေစာရေးနေတာ
မင်း အိမ်ထောင်ပြုသွားတဲ့သတင်းကြားရတယ် စကော့မှာနေရတာအဆင်ပြေရဲ့လား တစ်ခုခုအဆင်မပြေတာရှိရင် အိုင်းယားလန်းကိုပြန်လာခဲ့နော် ဒီမှာ သခင်ကြီးရော သခင်မလေးရော
ကိုယ်ရောရှိတယ် ဒီရောက်မှပဲကိုယ်အသက်ဝဝရှူရတော့တယ်ကွယ် ”

ဤစာသုံးစောင်သည် မိခင်ဖြစ်သူ
စကော့တလန်မှာ အခြေချကာစဖြစ်လိမ့်မည်။
အလှမ်းဝေးခဲ့သော အတိတ်ရှိ မိသားစုအခြေအနေအကြောင်းကိုတစ်ခွန်းတပဒမျှ
မသိခဲ့။
မိမိသိတတ်စအရွယ်တွင်မူ ဖခင်ကွယ်လွန်ချိန်
့ဖြစ်ပြီး မာတာမိခင်သည် မွေးရပ်မြေသို့
ပြန်သွားချိန်ဖြစ်၏။

ထို့နောက်ကျန်ရှိနေသောဝါကျင့်ကျင့်ဓာတ်ပုံ
ဟောင်းများကို တစ်ဖန်ထပ်ကြည့်လိုက်သည်။
မည်သည်မျှတော့မထူးခြား။
မိခင်ဖြစ်သူ အိုင်းယားလန်းပြန်ရောက်ပြီး
မစ္စကင်နှင့်အတူ သခင်မလေးဟူသည့်
အမျိုးသမီးငယ်ထံခစားပုံပေါ်၏။

LOVE IS YOUR NAMEWhere stories live. Discover now