Chapter 9

2.1K 407 51
                                    

Unicode *

လိမ္မော်နီရောင် အုတ်ချပ်များစီခြယ်ထားသည့်
အိမ်ငယ်လေးများက လမ်းဘေးဝဲယာတစ်လျှောက်စီတန်းနေသည်။
ညဉ့်အမှောင်စိုးနင်းဝင်ရောက်စ နေဝင်ရီတရော
အချိန်ဖြစ်လေသဖြင့် ရေနံဆီမီးအိမ်မှုန်ပြပြသည်
သူရိန်နေမင်း၏အရှိန်လျော့လျော့အောက်
မှေးမှိန်နေ၏။

အတွယ်အတာငယ်မပါသော
အိမ်အပြန်လမ်းသည် အနည်းငယ်ငြိမ်သက်သည်။
ဂျစ်တိုက်တတ်သော စကားလုံးတစ်ချို့ မညံစီသော လမ်းငယ်သည် အထီးကျန်ဖွယ်ကောင်း၏။
မွှေးပျံ့ပျံ့ ရနံ့တစ်ချို့ သင်းပျံ့ခြင်းအလျဉ်းမရှိသည့်လေထု သည်ပင်အင်မတန်ပင်ငြီးငွေ့ဖွယ်ဖြစ်သည်။

“ဆူဆန် တစ်ယောက်ထဲလား ”

ခပ်ပျော့ပျော့ ရွှေအိုရောင်ဆံနွယ်တို့ကို
နောက်သို့ပို့၍ ဖဲပြားကြီးကြီးနှင့်ချည်နှောင်ကာ
ကျောပေါ်သို့ချထားသည့် ဆူဆန်လေးက
အပျိုဖော်ဝင်စ ကညာပျို၏ ဂုဏ်ကျက်သရေနှင့်ပြည့်စုံလှသည်။
ပြာလဲ့လဲ့မျက်ဝန်းအစုံက ပင်လယ်ပြာကဲ့သို့
နက်ရှိုင်း၍ ကြည်လင်နေ၏။
ဆူဆန်၏ လက်သွယ်သွယ် မှ ဆုပ်ကိုင်ထားသည့် ကြွေပန်းကန်ငယ်သို့ ဦးတည်ကြည့်လိုက်၍ မေးဖြစ်သည်။

“အော်ဂျက်စတင်စီလာတာလား ”

စကားလုံးသံတို့ကင်းမဲ့ရှာသည့် ကလေးမက
လက်ဟန်ခြေဟန်နှင့်ပြောသည် ကို နှုတ်မှ
ရေရွတ်ပေးရင်းပြုံးပြလိုက်သည်။
လှပခြင်းကျက်သရေနှင့် ပြည့်စုံသော
မဒီပျိုလေးသည် ချစ်ခြင်းမေတ္တာထက် ကရုဏာတရားတို့ကိုသာ အစဉ်လက်ခံရရှိနေရသည်။

“အင်း မွှေးလိုက်တာ လက်ထဲကဘာတွေယူလာတာလဲ ”

တိတ်ဆိတ်ငြိမ်သက်ခြင်းကြောင့် အားငယ်ရှာမည့်ကလေးမကို မေးခွန်းများဖြင့် အဖော်ပြုပေးရသည်။
ပုလဲလုံးငယ်များစီတန်းထားသည့်နှယ်
ညီညာလှပလွန်းသည့် သွားငယ်များပေါ်သည်အထိပြုံးပြနေသော ထိုကလေးမသည်
ဖြူစင်ခြင်းနတ်မိမယ်လားပင်ထင်ရ၏။

“အော် အမဲဂုတ်သားပေါင်းတွေလား
ဂျက်စတင်ဖို့ပဲယူလာတယ်ပေါ့ ”

မည်သည့်အကြောင်းရယ်မှမဟုတ် ရယ်စေလိုရန်ပြောမိသော စကားတစ်ခွန်းအဆုံး ပန်းနုရောင်လွှမ်းသော ပါးမို့မို့နှစ်ဖက်ဖြင့်ခေါင်းယမ်းကာ အပြုံးနုနုဝေဆာနေသော
ကလေးမကြောင့် ရင်တွေမောလာရသည်။
ရယ်ပြီးလျှင် မောရတတ်ပါ၏။ မောရပါ၏။

LOVE IS YOUR NAMEWhere stories live. Discover now