Chapter 17

2K 340 50
                                    

*Unicode

ခပ်ဝါဝါ အလင်းဖြဖြက စားပွဲအိုပေါ်ရှိ
ရေနံဆီမီးအိမ်ဟောင်းငယ်မှ လာသည်။
ဆိတ်ငြိမ်သောပတ်ဝန်းကျင်တွင် ညဇီးကွက်တို့
ကျက်စားရာအသံအချိူ့မှအပ မည်သည့်အသံမျှ
မကြားရ။
ကုတင်ငယ်ပေါ်တွင် ဘေးတစောင်းအနေအထားနှင့် အနားယူနေသော ဝန်ပိုငယ်ကအိပ်မက်ကမ္ဘာထဲနစ်မြောနေပုံရ၏။

အတွယ်အတာငယ်အိပ်ပျော်ကြောင်းကို
အတည်ပြုပြီးမှ စားပွဲအို၏ အံဆွဲငယ်အား
အသံမမြည်စေရန် ဖြည်းညှင်းလွန်းစွာ
ဖွင့်ရသည်။
သို့သော် အိုဟောင်းလွန်းပြီဖြစ်သော အံဆွဲတွင်းရှိ သစ်ကြံပိုးတို့၏ ပယောဂကြောင့်
အသံတဂျွတ်ဂျွတ်မြည်သွားသေးသည်။
ငဂျစ်လေးကဖြင့် အသံကြောင့် တစ်ချက်လေးမျှပင်တွန့်မသွားသောကြောင့် အတော်ပင်အိပ်မောကျနေသည်ထင်ပါ၏။

အံဆွဲငယ်အတွင်းမှ ဖြူလွလွ စာအိတ်ပေါ်ရှိ
တင်ကျန်နေသော သစ်သားမှုန့်အချို့ကို
လေနှင့်မှုတ်ထုတ်ကာသန့်စင်လိုက်သည်။
ချိတ်ပိတ်ထားသော စာအိတ်ဖြူအား အိတ်ဆောင်ဓားမြှောင်နှင့် ချိတ်ဖွင့်လိုက်သည်။
အနည်းငယ်တုန်လှုပ်နေသော စိတ်အစဉ်သည်
စာအိတ်ငယ်အတွင်းမှ အရာများကို ထုတ်ယူရန် အတန်ကြာ​ေအာင် မဝံ့မရဲဖြစ်မိသေး၏။

စာအိတ်အတွင်းမှ ဝေါခနဲသွန်ကျလာသော
ဝါကျင့်ကျင့်ဓာတ်ပုံအချို့နှင့် မှတ်မိနေသေးသော (ဝါ) ခပ်ယဲ့ယဲ့သတိရနေသေးသော မာတာမိခင်၏ လက်ရေးစာများက စိတ်ကိုပို၍လေးလံစေသည်။
ပထမဆုံးဆွဲယူမိသော ဓာတ်ပုံငယ်တွင်
မိခင်ဖြစ်သူ နှင့် ကိုးရီးယားနွယ်ဖွား
မိန်းမပျိုတစ်ယောက်တို့ဖက်လှဲတကင်းပြုံးနေကြပုံဖြစ်၏။
အဖြူအမည်းသာသာဖြစ်သော ပုံပင်ဖြစ်စေကာမူ ထိုမိန်းမပျိုတို့၏ အပြုံးများကိုကြည့်ခြင်းဖြင့်
အင်မတန်ပျော်ရွှင်နေကြကြောင်းကိုသိနိုင်သည်။

အနားစုတ်နေသောဓာတ်ပုံဟောင်းငယ်၏
ကျောဘက်တွင်ရက်စွဲနှင့် စာတစ်ချို့ကို မှတ်တမ်းတင်ထား၏။
မှင်ပျက်နေပြီဖြစ်သောကြောင့် ရက်စွဲမှာမူ
ခန့်မှန်း၍မရသော်လည်း နာမနှစ်ခုကိုတော​့
ခပ်ဝါးဝါးဖတ်ရသေးသည်။
အစ္စဘယ်လ် နှင့် ကင်ဂျီအွန်း ။

LOVE IS YOUR NAMEحيث تعيش القصص. اكتشف الآن