Hate

10K 442 25
                                    

(Zawgyi)

လေအဝှေ့တွင်ကြွေလွင့်လာတဲ့ ဆာကူရာပန်းလေးများက သက်ဝင်ပန်းချီကားတစ်ချပ်လို လှပလွန်းနေတယ်...။

ထိုဆာကူရာပင်ကြီးအောက်မှာ တစ်ယောက်ကိုတစ်ယောက် ကျောခိုင်းကာရပ်နေတဲ့လူ၂ယောက်...။ တိတိကျကျပြောရရင် သိပ်ချောတဲ့ကောင်လေး၂ယောက်...။

သူတို့ရဲ့မျက်နှာတွေကတော့ ပတ်ဝန်းကျင်ဒေသနဲ့မလိုက်ဖက်စွာ ဝမ်းနည်းခြင်း နာကျည်းခြင်း ခက်ထန်ခြင်းများ ပြည့်နှက်လို့နေခဲ့တယ်...။

"ငါတို့လမ်းခွဲကြရအောင် Kook...!!!"

"မင်းဘာလို့ခုလိုဆုံးဖြတ်ရတာလဲ Jimin...?? ငါတို့ ဒီထက်အဆင်ပြေတဲ့နည်းလမ်းကို မစဉ်းစားတော့ဘူးလား...??"

ခက်ထန်ခြင်းများနဲ့ပြည့်နေတဲ့ ထိုကောင်လေးက ရုတ်တရတ်ပြန်လှည့်လာကာ သူ့ချစ်သူရဲ့ပခုံး၂ဖက်ကို ဆုပ်ကိုင်ကာမေးလိုက်ပေမယ့် တစ်ဖက်ကောင်လေးကတော့ သေသေချာချာဆုံးဖြတ်ပြီးနေသလို တည်ငြိမ်လို့နေလေတယ်...။

"ငါဒီတစ်ပတ်လုံးစဉ်းစားပြီးပြီ Kook...
ငါတို့ရဲ့ကံတရားက ဒီအထိပဲပါတာနေမှာ"

"မင်းဘာလို့ ငါ့နောက်လိုက်ခဲ့ဖို့ မစဉ်းစားတာလဲ...?? ငါတို့ကျောင်းမပြီးသေးတာမှန်ပေမယ့် ကိုယ့်ဘဝကိုယ်တော့ ရပ်တည်လို့ရတာပဲလေ... ငါမင်းကိုထမင်းနပ်မှန်အောင်တော့ ရှာကျွေးနိုင်ပါသေးတယ်"

တစ်ဖက်လူကစိတ်အားထက်သန်နေပေမယ့် Jimin ဆိုတဲ့ကောင်လေးကတော့ ပခုံးထက်က သူ့ချစ်သူရဲ့လက်တွေကို ဖြုတ်ချပစ်လိုက်တယ်...။

"ငါမင်းနဲ့လိုက်ခဲ့ရင် ငါ့မိဘတွေဘာဖြစ်သွားမလဲ... အရှုံးပေါ်တော့မယ့်ကုမ္မဏီ... မကြာခင်မှာအသိမ်းခံရတော့မယ့်အိမ်... သူတို့ကိုကယ်တင်ပေးနိုင်တဲ့သူက ငါတစ်ယောက်တည်းရှိတာ"

"အဲ့ဒီလူက မင်းကိုအကြွေးနဲ့သိမ်းတာ... မင်းသူ့ကိုမချစ်ဘဲနဲ့ လက်ထပ်မှာပေါ့... ဟုတ်လား...??"

"ဒါပေမယ့် သူကတော့ငါ့ကိုချစ်တယ်လေ"

ချစ်သူအတွက် ယူကြုံးမရစွာနဲ့ တရိပ်ရိပ်ထွက်လာတဲ့ဒေါသအတွက် ဆာကူရာပင်ကြီးရဲ့ပင်စည်ကို သူ လက်သီးနဲ့ခပ်ပြင်းပြင်းထိုးလိုက်တယ်...။ ထုထည်ကြီးမားလှတဲ့ ဆာကူရာပင်ကြီးကတော့ ဘာမှဖြစ်မသွားပေမယ့် သူ့လက်တွေကတော့ သွေးချင်းချင်းရဲသွားခဲ့တယ်...။

Love & Hate Relationship (Completed) Dove le storie prendono vita. Scoprilo ora