His Decision

3.4K 331 42
                                    

(Zawgyi)

"Tae ရေ... ကိုယ်ပြန်လာပြီလေ"

ဒီနေ့အလုပ်ရှုပ်နေလို့ Jungkook တစ်ယောက် အိမ်ပြန်နောက်ကျတာကြောင့် Taehyung ကိုချော့တဲ့အနေနဲ့ သူကြိုက်တတ်တဲ့အစားအစာတွေဝယ်ပြီး ပြန်လာခဲ့တယ်...။

အရင်ကဆို Jungkook နောက်ကျရင် အိမ်ရှေ့မှာထွက်စောင့်တတ်တဲ့ Taehyung ကို အခုမတွေ့ရပေ...။ အိမ်ကလည်း တိတ်ဆိတ်မှောင်မဲနေတာကြောင့် Jungkook စိတ်ထဲထင့်ခနဲဖြစ်သွားရတယ်...။ အမှန်ဆို ဒီအချိန် Taehyung ရဲ့အလုပ်ကပြီးပြီမို့ အိမ်ပြန်ရောက်နေရမှာကို...။

Taehyung ရဲ့ဖုန်းကိုဆက်ကြည့်တော့ စက်ပိတ်ထားပါသည်လို့သာ ပြန်ဖြေသံကြားရတယ်...။ စိုးရိမ်ပူပန်စိတ်ကြောင့် Jungkook ရုတ်တရတ်ဘာလုပ်ရမှန်းမသိ...။ ဝယ်လာတဲ့စားစရာတွေကို အိမ်တံခါးမှာသာ ချိတ်ထားလိုက်ပြီး Taehyung အလုပ်လုပ်နေတဲ့စတိုးဆိုင်ကို အမြန်လိုက်သွားလိုက်တယ်...။

"သူဒီနေ့အလုပ်မဆင်းဘူးရှင့်... သူ့ကိုပြောလိုက်ပါ... ရက်ဆက်တိုက်ခုလိုပဲပျက်ကွက်နေရင် အလုပ်ကို လာဆင်းစရာမလိုတော့ဘူးလို့"

Jungkook တော်တော်လေး ခေါင်းခြောက်နေလေပြီ...။ ဖြစ်နိုင်တာက Taehyung တစ်ယောက် သူ့အစ်ကို Yoongi ရှိတဲ့ဆေးရုံကိုသွားတာပဲဖြစ်မှာပါလေ...။ Yoongi နဲ့က သိပ်အဆင်မပြေတာကြောင့် Jungkook လိုက်မသွားချင်ပါ...။

လေးပင်သောခြေလှမ်းများနဲ့ Jungkook လည်း အိမ်သို့သာ ပြန်လာခဲ့လိုက်တယ်...။ ဒီတိုင်းပဲ Taehyung ပြန်အလာကို စောင့်နေရုံသာရှိတော့တာပဲ...။ အစ်ကိုအရင်းဖြစ်သူ ဆေးရုံတက်နေရတာကြောင့် မသွားဖို့လည်း တားလို့မရဘူးမလား...။

စားစရာအထုတ်တွေကိုယူရင်း Jungkook လည်း အိမ်ထဲသို့ပြန်ဝင်လာလိုက်တယ်...။ မီးခလုတ်တွေကိုဖွင့်လိုက်တော့ ခပ်ကျဉ်းကျဉ်းတိုက်ခန်းလေးက ခဏလေးနဲ့လင်းထိန်လို့သွားလေတယ်...။ ခေါက်ထားတဲ့ ထမင်းစားပွဲကိုဖြန့်ခင်းပြီး ဝယ်လာတဲ့စားစရာတွေကိုတင်လိုက်စဉ် မျက်ဝန်းထောင့်ကနေ ရေခဲသေတ္တာမှာ သံလိုက်နဲ့ကပ်ထားတဲ့ စာရွက်တစ်ရွက်ကိုလှမ်းမြင်လိုက်တယ်...။

မနက်က မတွေ့မိတာကြောင့် သေချာပေါက် Taehyung ကပ်ထားတာပဲဖြစ်မှာပါ...။ Jungkook ရေခဲသေတ္တာကိုမဖွင့်ရသေးတာကြောင့် မမြင်မိသေးခြင်းပင်...။ ဘာရေးထားလဲသိရအောင် ခပ်မြန်မြန်လေးသွားကြည့်မိတော့မှ Jungkook လန့်သွားရတယ်...။

Love & Hate Relationship (Completed) Donde viven las historias. Descúbrelo ahora