Painful Love

3.9K 338 28
                                    

(Zawgyi)

"ကျွန်တော်ကျောင်းပြန်တက်ချင်တယ်"

သူ့ရဲ့ Necktie ကို ချည်ပေးနေရင်းနဲ့ Jimin တောင်းဆိုလိုက်တာကြောင့် သူ့ဆီက အကြည့်စူးစူးတွေကိုသာ ပြန်လည်ရရှိခဲ့တယ်...။ သူခွင့်ပြုပေးဖို့က ၁၀ရာခိုင်နှုန်းလောက်သာ အခွင့်အရေးရှိတာ Jimin သိတာပေါ့...။

"ဘာလို့တက်မှာလဲ...?? မင်းငါ့ကိုလက်ထပ်ထားတဲ့အတွက် ဒီတသက်ဆင်းရဲမှာပူစရာမှမလိုတာ... အိမ်မှာပဲနေစမ်းပါ"

ထင်တဲ့အတိုင်းပဲ သူခွင့်မပြုပါ...။
Jimin လည်း Necktie ကို ပြီးတဲ့အထိသေချာချည်ပေးလိုက်ပြီး ကျောခိုင်းကာထွက်လာတော့ သူက ပခုံးကိုပြန်ဆွဲကိုင်ကာ သူ့ဘက်ကိုမျက်နှာချင်းဆိုင်ဖြစ်အောင် ပြန်ဆွဲလှည့်လာတယ်...။ သူ့မျက်နှာက ပကတိတည်တင်းနေတာ ကြောက်စရာတောင်ကောင်းတယ်...။

"ဘာလဲ ကျောင်းပြန်တက်ပြီးရည်းစားဟောင်းနဲ့ ဇာတ်လမ်းပြန်လုပ်ချင်လို့လား...??"

"ကျွန်တော့်သိက္ခာကိုမစော်ကားပါနဲ့"

သူ့ဆီမှာရှိတဲ့ Jimin ရဲ့မကြိုက်ဆုံးအချက်...။
Jimin ကိုအမြဲတမ်းသဝန်တိုချုပ်ချယ်ပြီး တွေ့ရာလူနဲ့ စွပ်စွဲသမုတ်တတ်တာ...။

ဟိုတလောကလည်း ဒရိုင်ဘာအစ်ကိုကြီးနဲ့ ရယ်မောစကားပြောလို့ဆိုပြီး Jimin ကိုလည်းရိုက်သလို ဒရိုင်ဘာအစ်ကိုကြီးကိုလည်း အလုပ်ထုတ်ပစ်တယ်...။ သူသဝန်တိုတာကြီးက အရမ်းကြောက်ဖို့ကောင်းလွန်းတယ်...။

အဲလိုအချိန်တွေဆို Jimin ကိုချစ်တာဘာညာ သတိမရတော့ဘူးထင်တယ်...။ ကိုယ်ထိလက်ရောက်ရိုက်နှက်တတ်ပြီး သူစိတ်ပြေသွားမှ ပွေ့ဖက်ကာချော့တတ်တဲ့လူစားမျိုး...။ Jimin ရဲ့အဖြစ်က ရူးနေတဲ့သူကို လင်တော်ထားရသလိုပဲ...။

"ကိုယ့်ကိုကြည့်စမ်း Bae... မင်းကိုချစ်လွန်းလို့ မင်းသားလေးတစ်ပါးလို ဘာအလုပ်မှမခိုင်းဘဲ အိမ်မှာထားထားတာနော်... လိမ်လိမ်မာမာနေ... ကိုယ်မကြိုက်တာတွေမလုပ်နဲ့"

"မင်းသားလေးလိုထားတယ် ဟုတ်လား...??
ခင်ဗျားမကျေနပ်တဲ့အခါကျ ကျွန်တစ်ယောက်လို ရိုက်တတ်တာကရော...??"

Love & Hate Relationship (Completed) Where stories live. Discover now