New Friend for Jimin

3.6K 336 36
                                    

(Zawgyi)

"တောင်းပန်ပါတယ်ဆရာ... အစီအစဉ်မအောင်မြင်တဲ့အတွက်"

"ကိစ္စမရှိပါဘူး... Min Yoongi က လွယ်လွယ်နဲ့ထောင်ချောက်ထဲဝင်မယ့်သူမှ မဟုတ်တာပဲကို"

Jungkook ခပ်အေးအေးပဲပြန်ပြောလိုက်တယ်...။ ဒီရက်ပိုင်းတွေမှာ သူစုံစမ်းရသလောက် Yoongi ရဲ့အကြောင်းနဲ့စိတ်ဓာတ်ကို သိသင့်သလောက်သိနေပြီလေ...။ အမှန်ပြောရရင် သူကလူတော်တစ်ယောက်ပါ...။ အတ္တကြီးတဲ့အချစ်တစ်ခုကို ပိုင်ဆိုင်ထားတာကြောင့်မို့ Jimin အပေါ်မှာ ချုပ်ချယ်ဖိနှိပ်တာတွေ လုပ်နေတာပါ...၊၊

ဒါပေါ့လေ... Jimin ကလည်း ရုပ်ရည်ရော အရည်အချင်းရော ပြောစရာမလိုအောင် ပြည့်စုံနေတာကိုး...။ ပြီးတော့ သူ့ကိုမချစ်ဘဲ လက်ထပ်ထားရတာမို့ သဝန်တိုချုပ်ချယ်နေတာလည်း မဆန်းပါဘူးလေ...။

"အဲ့ဒီကိစ္စမအောင်မြင်ပေမယ့် Min Yoongi ရဲ့ညီအကြောင်းကိုတော့ စုံစမ်းပြီးပါပြီ... ဟောဒီမှာပါ"

ကမ်းပေးလာတဲ့စာအိတ်ကိုလှမ်းယူကာဖွင့်ကြည့်လိုက်တော့ ဓာတ်ပုံတချို့ထွက်ကျလာတယ်...။ တော်တော်လေးချောတဲ့ ကောင်လေးတစ်ယောက်ပုံပင်...၊၊ အမှန်အတိုင်းပြောရရင် Jungkook ခဏလောက်တော့ ငေးခနဲဖြစ်သွားရတယ်...။ ထိုကောင်လေးက မထင်မှတ်ထားလောက်အောင်ပင် အပြစ်ပြောစရာမရှိ ပြီးပြည့်စုံကာ ချောမောလွန်းနေသည်လေ...။

"သူ့နာမည်က Min Taehyung တဲ့... မိဘတွေ ကွာရှင်းလိုက်တော့ ငယ်ငယ်ကတည်းက အမေနဲ့ US ကိုပါသွားခဲ့တာ... US မှာပဲ ကျောင်းတက်ပြီး ဘာသာစကားလည်း ၅မျိုးလောက်ပြောတတ်တယ်... ဘွဲ့တွေလည်းအများကြီးရထားပြီးသား... ပြီးတော့ သူက Bisexual တစ်ယောက်... Club တက်ရတာ Party တက်ရတာ ဝါသနာပါတယ်... ရည်းစားလည်းအတော်များသလို တစ်ခါတလေ one night stan တွေနဲ့ပါ ပတ်သတ်သေးတယ်"

Jungkook ခေါင်းတညိတ်ညိတ်လုပ်ရင်း ဓာတ်ပုံတွေကို တစ်ပုံချင်းလိုက်ကြည့်နေမိတယ်...။ ငယ်စဉ်ကတည်းက နိုင်ငံရပ်ခြားမှာနေသူမို့ ပွင့်လင်းပြီးဆိုရှယ်ကျပုံရတဲ့ သူ့ပုံစံက အတော်လေးတော့ စိတ်ဝင်စရာကောင်းသား...။

"အရေးအကြီးဆုံးအချက်က သူက အခုလောလောဆယ် Korea ကိုပြန်ရောက်နေတယ်... ကျွန်တော်ထင်တာမလွဲရင် သူ့အစ်ကိုကိုလာရှာတာဖြစ်မယ်"

Love & Hate Relationship (Completed) Where stories live. Discover now