(Zawgyi)
"သတို့သား Min Yoongi သည် သတို့သား Park Jimin ကို မည်သည့်အကြောင်းအရင်းမျိုးရှိသည်ဖြစ်စေ မစွန့်ပစ်ဘဲ သက်ဆုံးတိုင်ပေါင်းသင်းနိုင်မည်လား...??"
"Yes, I do"
ခပ်ထေ့ထေ့အပြုံးတစ်ခုနဲ့ဆိုလာတဲ့သူ...။
များပြားလှတဲ့ဧည့်ပရိသတ်များနဲ့ ခမ်းနားကြီးကျယ်လှတဲ့မင်္ဂလာပွဲဖြစ်ပေမယ့် Jimin မပျော်ရွှင်ပါ...။ အကယ်၍များ ကိုယ့်ချစ်သူနဲ့သာဆိုရင်တော့ ခမ်းနားခြင်းကင်းမဲ့သည့်တိုင် သူပျော်ရွှင်မိမှာပါ...။ အခုများတော့........"ဖာသာမေးနေတာကို ဖြေလိုက်လေ..!!"
သူ့ဆီကခပ်ကျိတ်ကျိတ်ပြောလိုက်တဲ့အသံကြားမှ Jimin လက်ရှိကာလကို ပြန်ပြီးသတိရလာတယ်...။
"Yes, I do"
စိတ်ထဲကမပါသည့်တိုင် ထိုစကားတစ်ခွန်းကိုဝတ္တရားအရ နှုတ်ကနေရွတ်ဆိုလိုက်ရတယ်...။ ဧည့်ပရိသတ်တွေရဲ့ရှေ့ဆုံးမှာ နေရာယူထားတဲ့ Omma နဲ့ Appa ရဲ့ ပြုံးပျော်နေတဲ့မျက်နှာတွေကို မြင်လိုက်ရတာကြောင့် Jimin ကိုယ့်ရင်ထဲကအပူကို တင်္ဂတတော့မေ့သွားတယ်...။
အေးစက်တဲ့အထိအတွေ့နဲ့အတူ ကိုယ့်ရဲ့လက်သန်းကြွယ်မှာ နေရာယူလာတဲ့ လက်ထပ်လက်စွပ်လေး...။
Jimin လည်း ကျန်ရှိနေတဲ့နောက်တစ်ကွင်းကို ဘူးထဲကနေထုတ်ယူကာ သူ့ရဲ့လက်မှာ ဝတ်ဆင်ပေးလိုက်ရတယ်...။ ထိုအခိုက် ဧည့်ပရိသတ်တွေဆီကနေ လက်ခုပ်တီးသံတွေ သောင်းသောင်းဖျဖျပေါ်ထွက်လာတယ်...။
"Kiss...!!! Kiss...!!!"
ဆူညံစွာအော်ဟစ်သံတွေကြောင့် Jimin အသက်မပါတဲ့အပြုံးတစ်ခုကို ဆင်မြန်းလိုက်ရတယ်...။ ကိုယ့်မျက်နှာကို ဆွဲယူသွားတာခံလိုက်ရပြီးနောက် နှုတ်ခမ်းထက်မှာ နွေးထွေးသွားရတယ်...။ ဒါက သူပေးခဲ့ဖူးတဲ့ အနမ်းများစွာထဲမှ အနူးညံ့ဆုံးအနမ်းတစ်ခု...။
"သား Jimin... အရင်လိုကလေးဆန်လို့ မရတော့ဘူးနော်... Yoongi ကို ရိုရိုသေသေဆက်ဆံ... သူက သားကိုအရမ်းချစ်ရှာတာ"
တဖွဖွမှာနေတဲ့ Omma ရဲ့စကားကို Jimin ငြင်းပယ်မနေဘဲ ခေါင်းသာညိတ်ပြလိုက်တယ်...။ ခုအခြေအနေရောက်ပြီးမှ နောက်ဆုတ်လို့လည်းမရတော့ဘူးမလား...။
![](https://img.wattpad.com/cover/272331983-288-k777243.jpg)
YOU ARE READING
Love & Hate Relationship (Completed)
Fanfictionချစ်ခြင်းနဲ့မုန်းခြင်းကြားမှာ အလွှာပါးပါးလေးတခုပဲခြားထားတယ်... အဲဒီ့အလွှာလေးကိုဖယ်ခွာနိုင်ရင် မင်းအရမ်းမုန်းနေတဲ့သူကိုလည်း ချစ်မိသွားလိမ့်ဆိုတာ အသေအချာပါပဲ... A Yoonmin & Taekook fanfiction