Believe You

3K 333 46
                                    

(Zawgyi)

Taehyung လက်ဖျားခြေဖျားတွေအေးစက်ကာ စိတ်လှုပ်ရှားနေမိပေမယ့် Jimin ရှေ့မှာတော့ ဘာမှမဖြစ်သလို ဟန်ဆောင်နေလိုက်တယ်...။

သူတို့ရောက်နေတာက ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ...။ Jimin က လူမြင်သာတဲ့နေရာမှာ ထိုင်နေပေမယ့်လည်း Taehyung ကတော့ အစီအစဉ်အရ သူတို့ပြောတာကြားရလောက်တဲ့ ခပ်ကွယ်ကွယ်နေရာလေးမှာ ထိုင်နေခဲ့တယ်...။ ရုပ်လည်းဖျက်ထားသလို အပြင်ကကြည့်ရင်လည်း မမြင်နိုင်လောက်တဲ့နေရာမို့ Jungkook ရောက်လာခဲ့ရင် တွေ့စရာအကြောင်းမရှိပေ...။

"Tae... သူလာနေပြီ"

Jimin ခပ်တိုးတိုးပြောလိုက်ပေမယ့် Taehyung ကြားရပါတယ်...၊၊ စိတ်လှုပ်ရှားလွန်းလို့ ရုတ်တရတ်ကြီး အသက်တောင်ရဲရဲမရှူရဲအောင် ဖြစ်သွားရတယ်...။

"ငါ့ Ph နံပါတ်ကိုတောင် Black list ထဲ ထည့်ပစ်တဲ့သူက အခုမှဘာကိစ္စရှိလို့ချိန်းရတာပါလိမ့်...??"

လူကိုမမြင်ရပေမယ့် Jungkook ရဲ့ ခပ်ထေ့ထေ့စကားသံကိုကြားလိုက်ရတာကြောင့် Jimin ထိုင်နေတဲ့ဝိုင်းမှာ သူဝင်ထိုင်လိုက်ပြီဆိုတာ Taehyung ခန့်မှန်းမိလိုက်တယ်...။

"မင်းကရောဘာသဘောနဲ့ Taehyung နားကို ချဉ်းကပ်ရတာလဲ...??"

"ဝိုး...ဒဲ့ကြီးပါလား Park Jimin ရဲ့... မင်းအဲ့လောက်မြန်မြန်သိသွားမယ်လို့ မထင်ခဲ့ဘူး... Min Yoongi ကတောင် အရင်သိမယ်ထင်တာ"

ပြောနေတဲ့စကားအသွားအလာအရ တမင်တကာအကွက်ဆင်ပြီး Taehyung နားကိုကပ်တာ သေချာသလောက်ရှိနေပါပြီ...။ Jimin အံတင်းတင်းကြိတ်ထားသလို Taehyung မှာလည်း တိတ်တဆိတ်မျက်ရည်ဝဲနေမိတယ်...။

"ဒါဆိုမင်းတမင်လုပ်တာပေါ့... Tae က Yoongi ရဲ့ညီမှန်းသိနေပြီးသားပေါ့"

"ဟုတ်တယ်ဆိုရင်ရော...??"

ပွဲကပြတ်နေပါပြီ...။ Taehyung ရဲ့အသည်းနှလုံးက တစစီကွဲကြေသွားပြီလားတောင်မှတ်ရတယ် တဆစ်ဆစ်နဲ့ကို နာကျင်လာပြီလေ...။

"ဘာလို့လုပ်တာလဲ...?? အရာအားလုံးက သူ့နေရာနဲ့သူ နေသားကျပြီးသားဖြစ်နေပြီလေ... မင်းဘာတွေလိုချင်သေးလို့လဲ...??"

"ငါ့ချစ်သူကိုလုယူသွားတဲ့ကောင်ကို အဲ့လောက်တော့ပညာပြသင့်တာပေါ့... မဟုတ်ဘူးလား...??"

Love & Hate Relationship (Completed) Where stories live. Discover now