Tell Me Truth

3.1K 313 65
                                    

(Zawgyi)

တစ်ခါမှမလုပ်ခဲ့ဖူးသောအလုပ်တွေကို လုပ်နေရသဖြင့် ပင်ပန်းနေပေမယ့်လဲ Taehyung မညီးညူမိပါ...။ အတတ်နိုင်ဆုံးစိတ်ကိုလျှော့ချရန် သီချင်းလေးခပ်တိုးတိုးညည်းဆိုရင်း အလုပ်ကိုသာအာရုံစိုက်နေလိုက်တယ်...၊၊

"Taehyung shii... ပင်ပန်းနေပြီလား...?? ခဏနားချင်နားလေ... အဲ့ဒ်ီဈေးနှုန်းကပ်တာတွေ ကျွန်မလုပ်လိုက်မယ်"

အတူတူအလုပ်လုပ်နေတဲ့ အရောင်းစာရေးကောင်မလေးတစ်ယောက်က ဘေးမှာရောက်လာရင်းပြောတယ်...။ ရုပ်ချောတဲ့ Taehyung ကို ဘယ်သူမဆိုအလေးပေးချင်ကြပေမယ့် Taehyung ကတော့ ပုံမှန်ပါပဲ...။

"ရပါတယ်ဗျာ... ပင်ပန်းတဲ့အလုပ်မှမဟုတ်တာ"

"ဒါဆိုလည်း ဒီမှာအအေးဘူးသောက်လိုက်ဦး... ကျွန်မပိုက်ဆံရှင်းထားပြီးသား"

"ကျေးဇူးပါ"

အအေးဘူးကျတော့ ငြင်းလို့မကောင်းတော့တာကြောင့် Taehyung လည်း ယူသောက်လိုက်တယ်...။ ကောင်မလေးကလည်း ထွက်မသွားသေးဘဲ ပစ္စည်းစီသလိုလိုနဲ့ ဘေးမှာယောင်လည်လည် လုပ်နေသေးတယ်...။

"ဆိုင်ရှင် Unnie က အရင်ကဆို ဆိုင်ကိုသိပ်မလာပဲ ခုရက်ပိုင်းကျမှနေ့တိုင်းလာနေတာ Taehyung shii ကြောင့်များလား မသိဘူးနော်"

ကောင်မလေးရဲ့စကားကြောင့် Taehyung ဟက်ဟက်ပက်ပက်ရယ်မောမိတယ်...။ မိန်းကလေးတချို့ရဲ့ ရေလာမြောင်းပေးခြင်းကို Taehyung သိနေပါသော်လည်း ကိုယ့်ဘက်ကတော့ ခပ်မှန်မှန်ပဲနေဖြစ်တယ်...။

"မဟုတ်လောက်ပါဘူး... သူ့ဆိုင်မို့လို့သူလာတာပဲလေ"

ကောင်မလေးလည်း ဘာဆက်ပြောရမှန်းမသိဖြစ်နေတယ်...။ Taehyung နားမှာပဲ ဆက်နေချင်သေးတာကြောင့် အပြင်မှာလူကျနေလားဘာလားလည်း သူမ,ဂရုမစိုက်...။ ထိုစဉ်ရုတ်တရတ်ရောက်လာတဲ့ ဆိုင်ရှင်က ထိုအဖြစ်ကိုသတိထားမိသွားတာကြောင့် လှမ်းဆူတော့တယ်...။

"ဟိုတစ်ယောက် အဲ့နားမှာဘာလုပ်နေတာလဲ...?? Taehyung အလုပ်လုပ်နေတာကို ဘာသွားရှုပ်နေတာလဲ... လာခဲ့.. ဒီမှာပစ္စည်းစစ်စရာတွေအများကြီး"

"ဟုတ်ကဲ့ Unnie..!!!"

အလုပ်လုပ်တာ လအတန်ကြာပြီဖြစ်တဲ့ ထိုဝန်ထမ်းကောင်မလေးရဲ့နာမည်ကို ဆိုင်ရှင်မမက သတိမထားမိဘဲ ရက်ပိုင်းလောက်သာအလုပ်ဝင်ရသေးတဲ့ Taehyung ရဲ့နာမည်ကိုတော့ သိနေလေတယ်...။

Love & Hate Relationship (Completed) Where stories live. Discover now