Confusion

2.9K 315 47
                                    

(Zawgyi)

မီးဖိုခန်းထဲမှာ အလုပ်လုပ်နေတာလား အရှုပ်လုပ်နေတာလားမသိတဲ့ Taehyung ကိုကြည့်ပြီး Jungkook ခပ်တိုးတိုးရယ်မောမိတယ်...။ ဟုတ်တိပက်တိနဲ့ သူတစ်ယောက်တည်းချက်မယ်ဆိုပြီး လုပ်ကိုင်နေလိုက်တာများ...။

တစ်ခါမှမချက်ပြုတ်ဖူးသူမှန်းသိသာစွာ မီးဖိုခန်းမှာလည်း ပွစိကြဲကုန်တယ်...၊၊ Jungkook မနေနိုင်တော့ဘဲ သူ့ဆီလျှောက်သွားလိုက်တော့ သူက အသည်းအသန်လက်ကာပြပြီး တားလေတယ်...၊၊

"ရတယ်... Tae ဘာသာလုပ်မှာ... မလာခဲ့နဲ့"

"တကယ်အဆင်ပြေလို့လား...??"

သူခေါင်းအတင်းညိတ်ပြပြီး Jungkook ကို လက်ကာပြရင်း အနောက်ပြန်ဆုတ်ခိုင်းတာကြောင့် Jungkook လည်း ပခုံးတစ်ချက်တွန့်ရင်း အိမ်ရှေ့ခန်းကိုသာ ထွက်လာလိုက်တော့တယ်...။ ဟင်းချက်နေတဲ့သူ့ဆီကနေ အသံပလံမျိုးစုံထွက်လာပေမယ့်လည်း အသာလေးလျစ်လျူရှုထားလိုက်တယ်...။ နောက်ဆုံးအဆင့် စားမရတော့လည်း အပြင်ထွက်စားရုံပေါ့...။

ညှော်နံ့တူးနံ့တချို့ထွက်လာတာကြောင့် Jungkook လှည့်ကြည့်မိတော့ သူက မျက်နှာချိုသွေးပြနေပြန်တယ်...။ ကိုယ့်ကိုတော့အနားကို မလာခိုင်းတာကြောင့် Jungkook လည်း မသိသလိုသာနေလိုက်တော့တယ်...။ ကြာလာတော့ ကိုယ်လည်း စောင့်နေရတာပျင်းလာပြီး အိပ်ငိုက်လာတော့တယ်...။

မှေးခနဲတစ်ချက်အိပ်ပျော်သွားစဉ်မှာ ပါးပေါ်ကျရောက်လာတဲ့ ခပ်နွေးနွေးအထိအတွေ့တစ်ခုကြောင့် Jungkook ပြန်နိုးလာခဲ့တယ်...။ သူ့နားနီးနီးကပ်ကပ်လေးမှာရှိနေတဲ့ Taehyung...။ ဘာလဲ ခုနကသူ ကိုယ့်ပါးကိုနမ်းလိုက်တာလား...??

"Jeon နိုးပြီလား...?? ထမင်းစားလို့ရပြီလေ"

သူချက်ထားတာဆိုတော့ အတန်ငယ်တော့စိတ်ဝင်စားမိတယ်...။ သူ့ပုံစံလေးက အတန်ငယ်တော့ ပေတိပေစုတ်လေးဖြစ်ချင်နေတယ်...။ ဟုတ်တာပေါ့... ပထမဆုံးအကြိမ် တစ်ကိုယ်တော်လက်စွမ်းပြတဲ့ပွဲကိုး...။

စားပွဲပေါ်ကဟင်းခွက်တွေကိုကြည့်ပြီး Jungkook မျက်လုံးပြူးသွားတယ်...။ ချက်မယ်ဆိုတဲ့ကြက်သားက ဟင်းချိုအဖြစ် ဘဝပြောင်းသွားသလို ကြက်ဥကြော်လေးကလည်း မဲမဲတူးတူးလေးနဲ့ပင်...။ ကင်ချီကတော့ ရယ်ဒီမိတ်မို့ ပန်းကန်ထဲဖောက်ထည့်ရုံသာ...။

Love & Hate Relationship (Completed) Where stories live. Discover now