I Wanna Marry You

4.1K 302 66
                                    

(Zawgyi)

မနက်တိုင်း Jungkook အလုပ်သွားဖို့ပြင်ဆင်ပြီး အောက်ဆင်းလာတာနဲ့ ထမင်းစားခန်းမှာ Steven နဲ့အမြဲဆုံတယ်...။ ဒီကလေးက မနက်စောစောနိုးတဲ့အကျင့်လေး ရှိနေပုံရတယ်...။

ပြီးရင်တော့ထုံးစံအတိုင်း မနက်စာကိုစားပွဲအပြည့်ပြင်ခိုင်းပြီး ဟိုတစ်ခုဒီတစ်ခု နည်းနည်းစီသာ စားတတ်ပြန်တယ်...။ အရင်က Jungkook အိမ်မှာ ထမင်းချက်အဒေါ်ကြီးအပြင် maid တစ်ယောက်သာရှိသော်လည်း ခုတော့ Steven ကြောင့် maid နောက်တစ်ယောက်ထပ်ခေါ်ထားရတယ်...။

ဘာလို့လဲဆိုရင် သူတနေ့တနေ့ ရှုပ်ဖွထားတာတွေက နည်းမှမနည်းတာ...။ အဲဒါကိုလိုက်ရှင်းဖို့နဲ့ သူစားချင်တာကို အချိန်မရွေးလုပ်ပေးဖို့က တော်တော်လေးအဓိကကျတယ်...။ သူက အိမ်ရှုပ်နေရင်လည်း မနေတတ်ဘူးဆိုပဲ...။ တကယ့်အာဂကလေး...။

"Morning Steven"

Jungkook နှုတ်ဆက်လိုက်ပေမဲ့ အချေကိုယ်တော်လေးကတော့ တစ်ချက်မော့ကြည့်ရုံလောက်သာ...။ maid ၂ယောက်မှာလည်း တစ်ယောက်က pancake လုပ်နေပြီး တစ်ယောက်က အသီးဖျော်ရည်လုပ်နေတာကြောင့် Jungkook လည်း ကိုယ့်ဘာသာကိုယ်ပဲ မနက်စာစားဖို့ပြင်လိုက်တယ်...။ အသင့်နှပ်ပြီးသားကော်ဖီကို ခွက်ထဲလောင်းထည့်လိုက်ပြီး စားပွဲပေါ်က များပြားလှသောစားစရာတွေထဲကနေ ကိတ်မုန့်တစ်ချပ်ကို လှမ်းယူလိုက်တယ်...။

ဒါတွေအားလုံးက သူတို့စားပြီးတာနဲ့ အလုပ်သမားတွေစားနိုင်ရင်စား မစားနိုင်တော့ရင် လွှင့်ပစ်ရုံသာ...။ ပိုက်ဆံဖြုန်းတီးရာကျပေမဲ့လည်း Jungkook အနေနဲ့ တွက်ကပ်မနေချင်တော့ပါ...။

"ဦးလေးကြီး ကင်ချီလ်ထမင်းကြော်လုပ်ပေးပါလား"

ရုတ်တရတ်တောင်းဆိုလာတဲ့ Steven ကြောင့် Jungkook မှာ စားလက်စကိတ်မုန့်တောင် နင်မလိုဖြစ်သွားရတယ်...။ maid ၂ယောက်မှာလည်း လုပ်လက်စကို ဆက်လုပ်ရမလိုလို ရပ်လိုက်ရမလိုလိုနဲ့ ကြောင်အမ်းအမ်းလှမ်းကြည့်တယ်...။ ဟုတ်တယ်လေ... သူတို့လုပ်ပေးပြီးရင်လည်း Steven က စတိသဘောလောက်သာ စားတတ်တာကိုး...။

"အင်းပါ... Steven စားချင်ရင် လုပ်ပေးပါ့မယ်"

လက်မှာပတ်ထားတဲ့နာရီကိုကြည့်လိုက်တော့ အချိန်အနည်းငယ်ရသေးတာပဲလေ...။ ပစ္စည်းတွေကလည်း အစုံအလင်ရှိပြီးသား...။ ကင်ချီလ်ကိုလည်း အစပ်မစားနိုင်တဲ့သူ့အတွက် သီးသန့်အချိုစိမ်ပေးထားတာကြောင့် သဘောတွေ့နေပုံရတယ်...။

Love & Hate Relationship (Completed) Where stories live. Discover now