Are we late??

3.4K 330 54
                                    

(Zawgyi)

ဆုပ်ကိုင်ထားတဲ့လက်ဖဝါးတစ်ခုရဲ့ ညင်သာစွာလှုပ်ရှားလာမှုကြောင့် Jimin ငိုက်မြည်းနေရာကနေ နိုးထလာခဲ့တယ်...။

"Min သတိရလာပြီလားဟင်...??"

ဆေးရုံကုတင်ပေါ်မှာ ပတ်တီးအထပ်ထပ်နဲ့ အချိန်အကြာကြီးလှဲလှောင်းနေရတဲ့ Yoongi မျက်လုံးတွေဖွင့်လာတာကြောင့် Jimin ဝမ်းသာသွားမိတယ်...။ သူ့အသံကြားလို့လှည့်ကြည့်လာတဲ့ Yoongi ရဲ့မျက်ဝန်းတွေက အရင်လိုနွေးထွေးမှုမရှိပေ...။

"နေလို့အဆင်ပြေရဲ့လားဟင်... အရမ်းနာနေလား...??"

မျက်ရည်အဝဲသားနဲ့ Jimin မေးလိုက်ပေမယ့် Yoongi ကတော့ သူ့ရှိသမျှအားနဲ့ ဆုပ်ကိုင်ထားတဲ့လက်ဖဝါးတစ်ဖက်ကို ရုန်းထွက်လိုက်တယ်...။ ဒါကို Jimin ရုတ်တရတ်မို့သတိမထားမိသေး...။

"ခဏလေးနော်... ဆရာဝန်သွားခေါ်ပေးမယ်"

ပျာပျာသလဲနဲ့အခန်းထဲကနေပြေးထွက်သွားတဲ့ Jimin ကိုကြည့်ပြီး Yoongi သက်ပြင်းသဲ့သဲ့ချမိတယ်...။

တခါတည်းသေသွားလိုက်ပြီးရောကို...။ ခုလိုစိုးရိမ်ပြနေတာတွေကရော အယောင်ဆောင်တွေပဲလား Bae...??

"စိုးရိမ်စရာမရှိတော့ပါဘူး... ဒဏ်ရာတွေကြောင့် နည်းနည်းတော့ကိုက်ခဲနေလိမ့်မယ်... ဒီဆေးတွေသာ ပုံမှန်တိုက်ပေး... အဖျားသွေးမရှိလို့ သူစားချင်တာလေးတွေ ကျွေးလို့ရတယ်"

"ကျေးဇူးတင်ပါတယ်ဒေါက်တာ"

Jimin က ဆရာဝန်ကိုခါးကျိုးမတတ် အရိုအသေပြုရင်း ဆရာဝန်ထွက်သွားတော့မှ Yoongi ဘေးနားစွေ့ခနဲရောက်ချလာတယ်...။

"Min ဘာစားချင်လဲဟင်...??
Bae ဘာလုပ်ပေးရမလဲ...??"

"ထွက်သွားပေး... မင်းမျက်နှာကိုမမြင်ချင်ဘူး"

ချစ်စဖွယ်အမူအယာလေးနဲ့ စကားပြောနေတဲ့ Jimin ထင်မှတ်မထားတဲ့ Yoongi ဆီကတုန့်ပြန်မှုကြောင့် အံ့ဩတုန်လှုပ်သွားတယ်...။ မနေ့တနေ့ကတောင်မှ သူတို့အဆင်ပြေနေသေးတာကို...။

"Min ဘာလို့လဲ...??"

"ထွက်သွားလို့ပြောနေတယ်မလား"

နေမကောင်းတဲ့သူနဲ့ပြိုင်ပြီး မပြောချင်တာကြောင့် Jimin လည်း ငိုယိုရင်းသာ အခန်းထဲကနေထွက်လာခဲ့လိုက်တယ်...။ ကိုယ့်ဘက်ကချစ်နေပြီဆိုတာ သေချာနေလေတော့ သူအော်ငေါက်လိုက်တိုင်း ဝမ်းနည်းစိတ်ကထိန်းမရ...။

Love & Hate Relationship (Completed) Where stories live. Discover now