True Love or Fake Love

3.2K 324 32
                                    

(Zawgyi)

သီချင်းလေးတအေးအေးနဲ့မြူးကြွနေသော Taehyung ကိုကြည့်ရတာ Jimin သိပ်မသင်္ကာချင်...။ အလကားနေရင်းပျော်နေပုံထောက်ရင် တစ်ခုခုတော့ တစ်ခုခုပဲလေ...။

ဟော... အခုလည်း သူ့ဆံပင်ရှည်တွေကို လှလှပပပုံသွင်းကာ စည်းနှောင်နေပြန်တယ်...။ သူ့ဆံပင်တွေက တော်တော်လေးဂုတ်ထောက်အောင် ရှည်လျားနေတာမို့ ကောင်းကောင်းကြီးကိုစည်းနှောင်လို့ရတယ်လေ...၊၊ Jimin ဆံပင်တောင် သိပ်မရှည်တာမို့ ထိပ်လေးတင်စည်းလို့ရတာ...။

"Tae မင်းအခုတလော အရမ်းပဲများလာတယ်"

"ဟမ်... အရမ်းသိသာသွားတာလား..??"

ဆံပင်ကိုတစ်လွှာဆွဲယူစည်းနေရင်း တအံ့တဩနဲ့ပြန်မေးတဲ့ Taehyung ကြောင့် Jimin ခေါင်းတခါခါဖြစ်နေမိတယ်...။ ကြည့်ပါဦး... ဘယ်လောက်မှတောင် မအစ်လိုက်ရဘူး တန်းပေါ်တာပဲ...။

"မင်းအခုရည်းစားရနေတာလား..??"

"Jiminnie က ဘယ်ဆိုးလို့လဲ... ခန့်မှန်းတတ်သားပဲ"

အမှန်ကိုအမှန်အတိုင်းဖြေတဲ့ Taehyung ကို Jimin မျက်စောင်းထိုးပစ်လိုက်တယ်...၊၊ ဒီလောက်ကြီးသိသာနေတာကို...။ သူ့ဆံပင်စည်းတဲ့အလုပ်ပြီးသွားတော့ Jimin သဘောတကျနဲ့ငေးမိပြန်တယ်...။ သူ့မျက်နှာရှင်းရှင်းလေးက လုံးဝပေါ်လွင်သွားတာကြောင့် အရမ်းကြည့်ကောင်းလွန်းနေတယ်...။

သူနဲ့ယှဉ်ရင် နဖူးပေါ်မှာဆံပင်အုပ်အုပ်လေးနဲ့ Jimin က ကလေးအထာဖြစ်နေပြန်တယ်...။ သူကျတော့ Hollywood က မင်းသားလိုလိုဘာလိုလိုနဲ့...။ အဝတ်အစား အပြင်အဆင်ကလည်း ကြည့်ကောင်းနေပြန်တာကိုး...။

"တော်ရုံငေးပါ Jiminnie ရ... ငါတောင်ရှက်လာပြီ"

"Tae ahhh... တကယ်ပြောတာ မင်းကအရမ်းချောတယ်"

"ကျေးဇူးပါကွာ... ငါပြန်လာရင်မင်းအတွက် မုန့်ဝယ်ခဲ့မယ်"

အံမယ် သူ့ကို မုန့်စားချင်လို့ မြှောက်ပြောတာကျနေတာပဲ...၊၊ မုန့်များ ကိုယ်စားချင်ရင် အချိန်မရွေးထွက်ဝယ်ခိုင်းလို့ရတာကို...၊၊ ဒါတွေကထားပါ... အခု Jimin စိတ်ဝင်စားနေတာ Taehyung ရဲ့ရည်းစားအကြောင်း....။

"Tae... ငါ့ကိုပြောပြလေ မင်းရည်းစားအကြောင်း... သူကချောလား... ယောင်္ကျားလေးလား မိန်းကလေးလား...??"

Love & Hate Relationship (Completed) Where stories live. Discover now